Professional Authors

To hear you!!

သူသာလျှင် သခင်မို့ 

ရွံ့ကျိုးကာ ငါချစ်ခဲ့ရ

ဆုံတွေ့ခဲ့ခြင်းက အထာမကျပေမဲ့

အဲ့ဒီနေ့က ငါတို့ ပျော်ခဲ့ကြတယ်နော် × × × × ×

ဝေးကြမယ်မှန်း သိသိကြီးနဲ့ 

ငါတို့လက်တွဲတွေ ခိုင်ခိုင်မြဲစေခဲ့တာက

ခုတော့တို့တွေ တစ်ယောက်တနေရာစီမှာ × × × × ×

နောက်ပြီးငါတို့ နှစ်ဦးကြားမှာလည်း

NO ENTRY တဲ့

ဒါပေမဲ့ ငါတိုးဝင်ခဲ့မယ် ချစ်သူ

တစ်ယောက်ကိုတစ်ယောက် မကူညီနိုင်ခင်မှာ

စစ်ကူမရှိတဲ့ ငါတို့နှစ်ယောက်အတွက်

အချစ်တစ်ခုသာ ယုံကြည်အားထားရာမို့

တစ်ယောက်ကတယောက်ကို

အမြဲသတိရ လွမ်းနေရမယ်နော် × × × × ×

In: ကဗျာ Posted By: Date: Jun 15, 2010
Comment #1

Oh,,oh,,
Nice.
I love it.

commentinfo By: ei lay at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment