Professional Authors

ချစ်သူနှစ်ဦး၏ရေရွတ်သံ

ရင်ပူနေလို့ ရေအေးအေးလေး သောက်ချင်ပါတယ်ဆိုတောင်
မင်းက ရေနွေးကြမ်း သောက်ပါလားတဲ့

မင်းရဲ့ ရေနွေးကြမ်းက နွေးထွေးစေတယ်ဆိုပေမယ့် အခန့် မသင့်
လျှင် အပူလောင်တတ်တယ်ဆိုတာ မင်းမေ့လျော့နေသလားချစ်သူ

မင်းပြောသမျှ လိုက်လုပ်ရအောင် ငါ့မှာလည်း ငါ့ဆန္ဒှနဲ့ ပါချစ်သူ
ချစ်တယ်လို့ သက်သေပြဖို့ မင်းဆန္ဒတိုင်းလိုက်လုပ်မှဆို

မင်းနဲ့ ငါ နေ နဲ့ လ လို မဝေးမကွာ ပတ်ချာသာလည်နေမယ်…
ဘယ်တော့မှ နီးစပ်ဖို့ မဖြစ်နိုင်ပါဘူး ချစ်သူ။

လောကကြီး က အဆိုးအကောင်း ဒွန်တွဲ…..မင်းမှာလည်း မင့်အားနည်းချက်…
ငါ့မှာလည်း ငါ့အားနည်းချက်နဲ့ ….ဒီလိုပြောလို့ စိတ်မဆိုးလေနဲ့ ။

တူနှစ်ဖော် ပေါင်းဆက်နိုင်ဖို့ ငါတို့ အတတ်နိုင်ဆုံး ရိုးသားကြလိုက်ရအောင်လား ချစ်သူ…..

အော် အသင် လောက …(ချစ်သူနှစ်ဦး၏ရေရွတ်သံ).

(ဆောင်းဦးလင်း)

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

🙁
🙁
Hin,,,,a yann ak ta g me pone pe.
Kyauk sa yar g.
Selfish phyit like dar naw.

commentinfo By: ei lay at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment