Professional Authors

ღღ ငါ့ရဲ့အလွမ်း ღღ … ၄ .. ( လူဆိုး )

လွမ်းတယ် ချစ်သူ ..မနေ့ကပေါ့
ဒီနေ့ကော … လွမ်းမိတာပါပဲ
မနက်ဖြန်လည်း … လွမ်းနေရအုံးမှာပဲ
ဘာမှန်းမသိသေးတဲ့ … ကိုတို့အနာဂတ်က
မှုန်ဝါးလွန်းလှပါတယ် … ချစ်သူ
ချစ်သူနဲ့ ဝေးနေတဲ့ … နေ့ရက်ပေါင်း
ဝေးနေတဲ့ …. နာရီပေါင်း
ဝေးနေတဲ့  ….. မိုင်ပေါင်း
ကိုတို့နှစ်ယောက် တွေ့ဆုံမှုက
ဘယ်မှာလည်း …
ဘယ်တော့လည်း …
ဘယ်အချိန်လည်း …
ကိန္ဒာရီ …ကိန္ဒာရာ လိုပဲ
ကိုတို့ရက်ပေါင်း ၇၀၀ ဝေးရမှာလား … ချစ်သူ
အခုတော့ သူတို့ကိုမှီို့ဖို့သိပ်မလိုတော့ပါဘူး
ဘယ်နေ့ရက်များမှ  …
ချစ်သူရဲ့ ပခုံးလေးပေါ်
ခေါင်းလေးတင်လို့ ကိုနေခွင့်ရမှာလည်း ..ချစ်သူရယ်
တွေ့ချင်လှပါပြီ … ချစ်သူ
ဒါပေမဲ့ …………
ရက်စက်လွန်းတဲ့ ကံကြမ္မာကြောင့်
ကိုတို့ ဝေးကွာဆဲပါပဲလား …..        ချစ်တဲ့သူ

In: ကဗျာ Posted By: Date: Jul 7, 2011
Comment #1

ကောင်းတယ်ကွာ…..။

Comment #2

ကိုဇော်သက်ဦးရေ ..ကျေးဇူးပါဗျာ… 🙂

commentinfo By: chityellusoelay at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment