Professional Authors

အမည်မဲ့

ပျော်အောင်နေပါလို့ မပြောပါနဲ့

ငါလည်း ပုထုဇဉ်မို့

ခံစားတတ်၊၀မ်းနည်းတတ်တယ်။

အထူးသဖြင့်

မင်းနဲ့ပတ်သတ်လာရင်ပေါ့။


နေကောင်းအောင်နေပါလို့ မပြောပါနဲ့

ငါ နင့်ကိုလွမ်းတဲ့စိတ်နဲ့

လွမ်းဖျားနေ့တိုင်းတက်နေတယ်။

တခါတရံ

နင်မသိလိုက်မသိဘာသာပေးထားတဲ့

နာကျင်မှုကလည်း

အဆစ်ပါလိုက်သေး။

 

စိတ်ညစ်စရာတွေ မတွေးနဲ့လို့ မပြောပါနဲ့

ငါ နင့်ကြောင့်

စိတ်ထဲတင်မကဘူး

အတွေးထဲထိတောင် မွန်းကြပ်နေတတ်တယ်။

တရှိုက်မက်မက်ဖတ်တွယ်မိတဲ့

ငါ့ရဲ့စွဲလမ်းမှုထဲမှာ

ငါဟာ ငါပျောက်ဆုံး

ဒီလိုနဲ့….

ငါ နင့်ရှေ့မှာ ကျရှုံးနေဆဲပါပဲ။

                                               

 

In: ကဗျာ Posted By: Date: Jul 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment