Professional Authors

နင်စောင့်နေလှည့်ပါ….

ရင်နာအောင်အမြဲလုပ်ရက်သူ
ငါကတော့ နင့် ကို တမင်တစ်ကာတောင်မလှည့်စားခဲ့ဘူး
ဝေးရမှာကိုကြောက်တယ်ပြောပြီး
ငါ့ရဲ့ အနီးအနားမှာတောင် နင်ရှိခဲ့လို့လား…….
မိန်းမမာယာသဲကိုးဖြာတဲ့ အဲ့ဒါတွေကိုကြောက်တာလို့ပြောတဲ့
နင့်ကို နင်တို့ယောက်ကျာင်္းတွေကကောသဲကိုးဖြာတောင်လောက်လို့လားလို့
ငါပြန်မေးခဲ့ဘူးလား…..
ခုနင့်တွက်ငါ မျက်ရည်ကျတယ်
နင့်ပေးတဲ့အမုန်းလောက်ကတော့
င့ါရင်ကစာမဖွဲ့တတ်အောင်ထုံနေတာလဲအခုမှသိတယ်
တစ်ခုပဲ ဆန္ဒန်ဆင်မင်းအပေါ်
စူဠသုဘဒ္ဒါ အညိုးဖွဲ့တာလောက်မကြီးကျယ်ပေမဲ့
နင့်ကြောင့် ငါငိုရသလို
နင်..ငါ့ကြောင့် ငိုရမယ်
နင့်ကြောင့်ငါခံစားခဲ့ရသလို
နင်…ငါ့ကြောင့်ခံစားစေရမယ်
သက်ရောက်မှုတိုင်းမှာ တန်ပြန်တဲ့သက်ရောက်မှု
ဆိုတာ သက်သေပြတဲ့နေ့ရောက်တော့မှာမို့……. နင်စောင့်နေလှည့်ပါ….

In: ကဗျာ Posted By: Date: Aug 26, 2011
Comment #1

ရင်နာနာနဲ့ ခွင့်လွှတ်လိုက်ပါဗျာ…
ကိုယ်ကချစ်မိတာကိုးးးးး
သူခံစားရမှာ မမြင်ချင်ပါနဲ့ဗျာ
သူခံစားနေရတာကိုမြင်ရင်
ကိုယ်ခံစားရတာထက် ပိုပြီးခံစားရတယ်
အပြုသဘောအကြံပေးတာပါ
အားပေးနေပါတယ်….

commentinfo By: လွမ်းနောင် at Aug 26, 2011
Comment #2

အားပေးသွားတယ် ညီ

Comment #3

he,,he,,
a yae a tar ka dot mike hma mike,fri.
doe main ka lay tway bat ka lone wa htauk khan pay htar de,
kyike de.
all r truth,

but,,,
sate ne ne shot naw.
he,,he,,
i agree with ko lwan naung.
ho lay,,ti lar? kwint hlut chin har a kaung sone lat sar chay chin de.

commentinfo By: ei lay at Aug 26, 2011
Comment #4

ဝေဖန်ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ရှင်
ဒါပေမဲ့ ….. လူတစ်ယောက်အပေါ်အကောင်းဆုံးလက်စားချေခြင်းက
ခွင့်လွတ်မှုတဲ့ … ဥပက္ခာပြု နိုင်လောက်အောင်မရင့်ကျက်သေးလို့ အဲ့နေ့ရောက်လာခဲ့ရင် ကဗျာတစ်ပုဒ်ထပ်ရရေးရအုံးမယ်…………..

commentinfo By: ကဗျာသရဲ at Aug 26, 2011
Comment #5

အားပေးသွားပါတယ်

commentinfo By: May Kha at Aug 26, 2011
Comment #6

ကဗျာတွေကို…….ကြိုက်ပါတယ်
အမြဲအားပေးနေပါတယ်

commentinfo By: ဆန်းလင်းထွန်း at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment