Professional Authors

အမည်မဲ့ (၁) (သစ္စာနီ)

ဘယ်သူတွေလဲ
တိုးလျှိုးပေါက်ခန္ဓာကိုယ်နဲ့
တီးလုံးမဲ့ ကခုန်နေတာ။

ဘယ်သူတွေလဲ
သက်တန်ရောင် အရေပြားနဲ့
အတောင်ပံမရှိပဲ ပျံဝဲနေတာ။

ဘယ်သူတွေလဲ
မှန်နဲ့လုပ်ထားတဲ့ကမ္ဘာနဲ့
သဘာဝတရားကို ဖျားယောင်းနေတာ။

အဲဒါ
ဆပ်ပြာဖူဖောင်းတွေပေါ့
သူတို့နာရီက မြန်တယ်
သူတို့အိပ်မက်က မြန်တယ်
သူတို့အသက်ရှူသံက မြန်တယ်

ဆပ်ပြာပူဖောင်းဆိုတာ
လေကပွင့်တဲ့ပန်းဖြစ်တယ်။

သစ္စာနီ
(ဒဂုန်မဂ္ဂဇင်း – ၁၉၈၆ )

Comment #1

လာပြီ လာပြီ သစ္စာနီ 🙂

commentinfo By: လင်းဒီပ at Sep 17, 2010
Comment #2

(:

commentinfo By: ဖြိုးဖြိုး at Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment