Professional Authors

အသနားခံခြင်း

ကတိပေးပါ တဲ့
သူ့ကိုမချစ်မိဖို့

ကျောခိုင်းပေးပါ တဲ့

သူလှည့်ထွ့က်မသွားချင်လို့

ခေါင်းညိတ်ပေးပါ တဲ့

သူ့ကိုမေ့ပစ်ဖို့

ရှောင်နေပေးပါ တဲ့

သူ့ကိုမတွေ့နိုင်အောင်လို့

ဒါဆိုရင်လဲ

နင်ဘာလို့ ငါ့ရင်ခွင်ထဲ ၀င်လာသေးလဲ

နှလုံးသားကို သော့ခတ်ထားတဲ့ ငါ

နင့်ကြောင့် သော့ပွင့်ခဲ့ပြီ

အေးစက်နေတဲ့ ငါ့နှလုံးသား

နင့်ကြောင့် လောင်ကျွမ်းနေရပြီ

ဒီလိုမျိုးအမိန့်တွေနဲ့

ငါ့ကိုလာပြီးမလှည့်စားပါနဲ့

ထွက်သွားချင်တယ်ဆိုရင်လဲ နင်ထွက်သွားပါ

ငါ့ကို ကျောခိုင်းထားရစ်ပါ

နင့်ကိုမချစ်ရရင်တောင်

နင့်ကျောပြင်ကိုကြည့်ရင်း

လွမ်းနိုင်သေးတာပဲလေ

ငါ့ကိုလွမ်းခွင့်လေးတော့

ပေးသနားခဲ့ပါ…….။

In: ကဗျာ Posted By: Date: Sep 28, 2011
Comment #1

ကသိကအောက် ဖြစ်စေသလို ဖြစ်နေပေမဲ.လို. djkoko သာ တစ်ကယ်မေတ္တာစစ်မှန်ရင်
djkoko ရဲ. နင့် ဆိုသူတစ်ယောက် မြင်လာမှာပါ
ကျွန်တော်အဖြစ်အပျက်နဲ. တိုက်ဆိုင်လို. ဝေဖန်ပေးလိုက်တာပါ

commentinfo By: k nge lay at Sep 28, 2011
Comment #2

ထွက်သွားချင်တယ်ဆိုရင်လဲ နင်ထွက်သွားပါ
ငါ့ကို ကျောခိုင်းထားရစ်ပါ
နင့်ကိုမချစ်ရရင်တောင်
နင့်ကျောပြင်ကိုကြည့်ရင်း
လွမ်းနိုင်သေးတာပဲလေ
မှန်တာပေါ့…….အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment