Professional Authors

♥♥♥ ချစ်တဲ့သူ ♥♥♥

♥ ရင်ခုန်သံ စည်းချက်တိုင်းဟာ နင့်ကြောင့်ဆိုရင်
   ငါ့အတွက်နဲ့ ရင်ခုန်သံတွေရွာသွန်းနေတဲ့
   သူ့ရဲ့ နှလုံးသားတစ်စုံကို စာနာနားလည်နိုင်ခဲ့တယ်…

♥ လွမ်းဆွတ်ခြင်းဟာ နင့်ကြောင့်ဆိုရင်
   ငါ့ကြောင့် တမ်းတခြင်းကို အစပြုခဲ့တဲ့
   သူရဲ့ ခံစားချက်ကို အသိအမှတ်ပြုတတ်လာတယ်…

♥ ပျော်မြူးနေတဲ့ နင့်ရဲ့ရီသံချိုချိုလေးကြောင့်
   ငါကြည်နူးမိတယ် ဆိုရင်
   ငါရဲ့အပြုံးလေးပဲ အမြဲမြင်ချင်တဲ့
   သူ့ရဲ့ ပျော်ရွှင်ခြင်းကို နားလည်နိုင်ခဲ့တယ်…

♥ နာကျင်ခံစားရတဲ့ နေ့ညများစွာ
   နင့်ကြောင့် စတင်ခဲ့တယ်ဆိုရင်
   ငါ့အတွက်နဲ့ သူအိပ်ရေးပေါင်းများစွာ
   အိပ်စက်ဖို့ မေ့နေတယ်ဆိုတာ
   တွေးတောခံစားတတ်လာတယ်…

♥ ငါ့ရဲ့ပုခုံးဘေး လက်တွဲဖော်မျှော်လင့်ချက်က နင်ဆိုရင်
   ငါ့လက်ကိုတွဲ ခရောင်းလမ်းကို ဖြတ်ကျော်မယ်ဆိုတဲ့
   သူ့ရဲ့ မျှော်လင့်ချက်တွေကို ထပ်တူပြုစာနာတတ်ခဲ့တယ်…

♥ နောက်ဆုံးတော့…
   အချစ်ဆိုတာ လိုချင်တဲ့ ရင်ခွင်တစ်ခုကို
   ရွေးချယ်တောင်းတခွင့် မရှိဘူးဆိုတာ …..
  

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

ချစ်တဲ့သူဆိုတော့လည်း….ဒီလိုပဲပေါ့ဗျာ…

commentinfo By: poem.poem28 at Jan 20, 2012
Comment #2

နာကျင်ခံစားရတဲ့ နေ့ညများစွာ
နင့်ကြောင့် စတင်ခဲ့တယ်ဆိုရင်
ငါ့အတွက်နဲ့ သူအိပ်ရေးပေါင်းများစွာ
အိပ်စက်ဖို့ မေ့နေတယ်ဆိုတာ
တွေးတောခံစားတတ်လာတယ်…

commentinfo By: May Kha at Jan 20, 2012
Comment #3

တကယ့်ကို တိုက်ဆိုင်မှုများစွာနဲ့ အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #4

နောက်ဆုံးတော့…
အချစ်ဆိုတာ လိုချင်တဲ့ ရင်ခွင်တစ်ခုကို
ရွေးချယ်တောင်းတခွင့် မရှိဘူးဆိုတာ …..

commentinfo By: NC at Jan 20, 2012
Comment #5

ပျော်မြူးနေတဲ့ နင့်ရဲ့ရီသံချိုချိုလေးကြောင့်
ငါကြည်နူးမိတယ် ဆိုရင်
ငါရဲ့အပြုံးလေးပဲ အမြဲမြင်ချင်တဲ့
သူ့ရဲ့ ပျော်ရွှင်ခြင်းကို နားလည်နိုင်ခဲ့တယ်…
That’s right…
Yes, I like
Good !!!!! 🙂

commentinfo By: gadounlay at Jan 20, 2012
Comment #6

အားပေးသွားတဲ့ သူငယ်ချင်းအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်
ပထမဆုံး ကဗျာလေးမို့ အရမ်းလဲပျော်ပါတယ်….

commentinfo By: poohmay at Jan 21, 2012
Comment #7

တိုက်တိုက်ဆိုင်ဆိုင် ကွယ် …
ဒီလိုကဗျာမျိုး ဖတ်ရခဲတယ် …း)

commentinfo By: Nge Lay at Jan 21, 2012
Comment #8

oh,,oh,,oh,,,
3 pwint sine zat lan pop naw,

commentinfo By: ei lay at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment