Professional Authors

“မိုးထဲ”

ပြာရီမှုန်မှိုင်း..
ကောင်းကင်ကြီးက အုံ့ဆိုင်းနေတယ်…..

လျှပ်စီးတွေ တဖျပ်ဖျပ်…
တစ်ချက်တစ်ချက်မှာ မိုးကြိုးလက်လိုက်သလိုပဲ…
ရှစ်ခွင်တောင် မို့မို့မည်း….
မသည်းလိုက်ပါနဲ့ မိုးရယ်…………

အထီးကျန် တကိုယ်တည်း…
အလွမ်းစိတ်ကြောင့် ပြိုလဲနေသူမို့…..

မိုးထဲမှာ သူ့ကိုရှာ….
မိုးကပေးတဲ့ဒဏ်ရာတွေနဲ့
ဒီမိုးမှောင်တုန်း……
အဝေးမှာ လုံအောင်ပုန်းပါ့မယ်……….

သူချန်ထားခဲ့တဲ့…
မိုးရာသီကို အကြောက်ဆုံး…
မိုးစက်တွေကို….
မုန်းတယ်………………

((လေးညှို့ရှင်))

In: ကဗျာ Posted By: Date: Jul 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment