Professional Authors

‘မျက်ရည်တင်္ကေတ’

ရင်ခွင်ဦးမှ လေးညှို့ သံ
အချစ်မြားရဲ့ ဦးတည်ချက်
ခင့်နှလုံးသားဗဟိုတည့်တည့်
ပစ်လွှတ်လိုက်ပါပြီ…။
ရင်ခွင်ဦးမှကဗျာ
ချစ်သူ့ အလင်္ကာနှော ကာရန်မှာချစ်သူ
စကားလုံးနှင့်အတူ မောင်တယောက်
သခင့်ရှေ့မှာ ဒူးထောက်လျက်သာ……..။
ရင်ခွင်ဦးမှ အချစ်အိပ်မက်
နီးလျက်နဲ့ မဝေးချင်
တရေးရေးမြင်သူ့ အလှ
အနမ်းဖွဖွနဲ့  နှင်းဆီနှုတ်ခမ်းထက်
အိပ်မက်လှလှမက်ပြီးမှ…….။
ရင်ခွင်ဦးမှကျဆုံးခြင်း
မျက်လုံးချင်းဆုံတော့ အစိမ်းရောင်ချယ်
အမုန်းကြွယ်တဲ့ သူ့ နှုတ်ခမ်းသွယ်မှ
မုန်းတယ်..မုန်းတယ်..ဆိုတာကြောင့်
အလဲလဲအပြိုပြိုနဲ့ ပဲ…….။
ရင်ခွင်ဦးမှငိုကြွေးသံ
မြင့်တစ်ခါ နိမ့်တစ်လှည့်
ရင်ခွင်ထဲမှာ မီးတောင်တခုပေါက်ကွဲသွား
ပူလောင်ခြင်းချော်ရည်များနဲ့ မီးတောက်မီးလျံ
နှလုံးသားကိုဝါးမြိုရင်း
ကြေကွဲခြင်း မျက်ဝန်းဆီသို့ 
ခပ်ပျင်းပျင်း ခရီးနှင်လျက်သာ……။

ဝေဟင်

In: ကဗျာ Posted By: Date: Nov 27, 2012
Comment #1

သိပ်မကြိုက်ပေမဲ့ တင်စရာ post မရှိလို့တင်လိုက်ပါတယ်။နားလည်စွာဖြင့် ခံစားပေးပါ

commentinfo By: soewaihin at Nov 27, 2012
Comment #2

ရင်ခွင်ဦးမှငိုကြွေးသံ
မြင့်တစ်ခါ နိမ့်တစ်လှည့်
ရင်ခွင်ထဲမှာ မီးတောင်တခုပေါက်ကွဲသွား
ပူလောင်ခြင်းချော်ရည်များနဲ့ မီးတောက်မီးလျံ
နှလုံးသားကိုဝါးမြိုရင်း
ကြေကွဲခြင်း မျက်ဝန်းဆီသို့ 
ခပ်ပျင်းပျင်း ခရီးနှင်လျက်သာ……။
ကောင်းပါတယ်နော် …

commentinfo By: မေပျို at Nov 27, 2012
Comment #3

Arr pay twar par de

commentinfo By: ei lay at Nov 28, 2012
Comment #4

မျက်လုံးချင်းဆုံတော့ အစိမ်းရောင်ချယ်
(အစိမ်းရောင်တောင်မကဘူး…ရောင်စုံခြယ်ပြနေတာ ဟင့် ဟင့်)

commentinfo By: mayviolet at Nov 28, 2012
Comment #5

မျှားအပစ်မတတ်တော့ ကိုယ့်နှလုံးသားကို ပြန်ထိတာပေါ့။

commentinfo By: lighthunter at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment