Professional Authors

ယုံကြည်ခြင်းအစွန်း…

ပင့်သက်ရယ်ကြွေ
နွမ်းလျနွေရင်အပူကပိုကဲ
ငိုဆဲပေါ့ဖြေမဆည်
တေးသီတဲ့ရွှေဥသြနှင့်
လွမ်းရပုံညီ။
မှန်းဆကာနေ
တို့လက်တွေတူယှဉ်တွဲဖို့
အားတင်းဖြေသခင်ဘယ်တော့လာမလဲ
မျှော်ဆဲပေါ့တစ်ကိုယ်ရည်
စမ်းကျရေသည်အတွေးနှင့်
လွမ်းစိတ်ဖြေမည်။
ပန်းများစွာကြွေ
နေ့ရက်တွေကြာရှည်ညောင်းလို့
မိုးဆောင်းနွေဘယ်လိုပြောင်းသော်လည်း
တစ်နေ့မှာပြန်လာမည်
ပြောသွားသည်ထိုစကားကြောင့်
ဆက်စောင့်နေသည်။ ။

In: ကဗျာ Posted By: Date: Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment