Professional Authors

ရည်းစားစာ

နေကျဲကျဲရွာပေးပါ..
တိမ်ညိုတွေ မိုးကိုမေ့ကျန်ချိန်မှာ
ကောင်းကင်ပြာကို ကုန်းပိုးစီးပြီး
သူမအတွက် ဖန်ပုတီးတစ်ကုံးလုပ်ပေးမယ်…

အဲဒီအချိန်မှာ
နေရောလပါ တက်ရောက်ပေးကြပါ
ချယ်ရီနဲ့ ပိတောက်တို့ရဲ့ ကွဲလွဲမှုတွေကြား
ကြယ်တံခွန်တွေကိုပါ သက်သေထားတယ်…

ခုနှစ်ပြည်ထောင် ကဗျာဆရာများ
ကြားနာပေးပါ..
ခုနစ်စင်ကြယ်နတ်သမီးအတွက်
သောကြာခါးပတ်ထဲမှာရှာ
ရည်းစားစာဆိုတာ အောင်ချက်မကောင်းတဲ့
စကားလုံးတစ်ကြောင်း ဖြစ်တတ်တယ်…

ုငြင်းပယ်ခြင်း သည်းခံပေးပါ..
မင်းကိုမင်း ငါ့ကိုပြန်ရှာ
အိပ်မက်ထဲမှာတွေ့မယ်ကွဲ့
ရင်ဘတ်က ဖုန်းသံမြည်ရင်
ငါ့ရင်ခွင်ကို အကြောင်းကြား
ချစ်တယ်ဆိုတဲ့အကြောင်း တလေးတစားနားထောင်ပါ…..

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

goodတယိ…

commentinfo By: poem.poem28 at Jul 9, 2011
Comment #2

ရင်ဘတ်က ဖုန်းသံမြည်ရင်
ငါ့ရင်ခွင်ကို အကြောင်းကြား
ချစ်တယ်ဆိုတဲ့အကြောင်း တလေးတစားနားထောင်ပါ…..

commentinfo By: maythi at Jul 9, 2011
Comment #3

အသုံး အနှူန်းတွေကို အစီအရီ တွဲစီ ပေးထားတာလေးတွေက လှတယ်ဗျာ……..

commentinfo By: nate thit at Jul 9, 2011
Comment #4

သိပ်ကြိုက်ဗျာ…လက်ကောင်းတယ်….အားပေးသွားတယ်….ကဗျာလေး ချစ်ဖို့ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jul 9, 2011
Comment #5

cool~ Bravo..!!

commentinfo By: ဖိုးနမ်း at Jul 10, 2011
Comment #6

ရိုက်ထားဗျိုးးးးးးးးးးးးးးးး..။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #7

ကောင်းတယ်…ကိုကြီး…ကြွေတယ်ဗျာ…အဲဒါ ရုပ် နဲ့ ဆိုင်တယ်…

commentinfo By: minratha at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment