Professional Authors

zero

ဘ၀တခုလုံးရင်းပြီးချစ်ခဲ့သမျှ
အခုတော့အနှစ်မရှိတဲ့ အကာသက်သက်ပဲ။…………..
မင်းကိုငါချစ်ခဲ့တာတွေက
လမ်းခွဲဖို့ မဟုတ်ခဲ့ပါဘူး။…………….
ငါသွေးတဲ့ဓား မင်းအတွက်လက်ဆောင်ပေါ့
နောက်ဆုံးလမ်းခွဲတဲ့အခါ
ငါ့အတွက်လေ။…………….
မင်း ငါ့ကိုလမ်းခွဲတဲ့အခါ
ချစ်ခဲ့လေတုန်းကလို
ကြင်ကြင်နာနာထွေးဖက်ရင်း
ငါရဲ့ အသည်းတစုံဟာ မင်းရဲ့ လက်နဲ့
ရက်ရက်စက်စက် နင်းခြေပေးပါနော်။………..
ချစ်ခဲ့တာပေါ့ မင်းနဲ့ ပက်သက်ရင်
ဒီလောကမှာဘာကိုမှ မသိတော့သလိုပဲမေ့နေခဲ့တယ်။……….
မင့်း နှုတ်ခမ်းတွေကြောင့်
အဆိပ်မိခဲ့ပါတယ်။……………………
ဒါပေမဲ့နောင်တဆိုတဲ့အရာက
ငါ့အတွက်မရှိခဲ့ပါဘူး။……………..
မင်းငါ့ကိုလမ်းခွဲဖို့ တွေးတိုင်း
တချိန်ကချစ်ခဲ့တဲ့နေ့ လေးတွေကို
တခါပြန်တွေးကြည့်ပေးပါနော်။ 
မာနပန်းကို မင်းပန်ဆင်တိုင်း
ငါ့အသည်းကို နင်းခြေလိုက်သလိုပဲ။……….
ဒါပေမဲ့ငါကျေနပ်ပါတယ်။…………..
နင်ပျော်ရွှင်ဖို့ အတွက်
ငါနှလုံးသားကို ရင်းပေးနိုင်ခဲ့ပါတယ်။……………..
ချစ်သူရယ်……………………
နောက်ဆုံးအနေနဲ့ ငါအတွက်
မင်းမချစ်ခဲ့တဲ့ငါ့ကို
နှုတ်ဆက် အနမ်းလေးတော့ပေးခွင့်ပြုပါကွာ။……………….
မင်းပြောနေကျ စကားလေးတစ်ခွန်းရှိခဲ့တယ်နော်
နောက်ကျောကဓားမထိုးခဲ့ပါနဲ့ တဲ့
ငါအဖြစ်က ကိုယ့်ရှေ့တည့်တည့်က
ဓားနဲ့ ထိုးမဲ့သူကိုဆီးကြိုနေခဲ့မိတာပါ။…………….
ဘယ်သူပိုပြီးခံစားရမလဲ?………………
ငါမပြောချင်တော့ပါဘူး
မင်းကပိုခံစားရမှာပေါ့။……………

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

မာနပန်းကို မင်းပန်ဆင်တိုင်း
ငါ့အသည်းကို နင်းခြေလိုက်သလိုပဲ။……….
ဒါပေမဲ့ငါကျေနပ်ပါတယ်။…………..
နင်ပျော်ရွှင်ဖို့ အတွက်
ငါနှလုံးသားကို ရင်းပေးနိုင်ခဲ့ပါတယ်။……………..

commentinfo By: အသဲကွဲမိုး at Jul 10, 2011
Comment #2

ဘယ်သူပိုပြီးခံစားရမလဲ?………………
ငါမပြောချင်တော့ပါဘူး
မင်းကပိုခံစားရမှာပေါ့။……………
အားပေးသွားပါတယ်။

commentinfo By: pome.poem28 at Jul 11, 2011
Comment #3

ချစ်သူရယ်……………………
နောက်ဆုံးအနေနဲ့ ငါအတွက်
မင်းမချစ်ခဲ့တဲ့ငါ့ကို
နှုတ်ဆက် အနမ်းလေးတော့ပေးခွင့်ပြုပါကွာ။……………….
မင်းပြောနေကျ စကားလေးတစ်ခွန်းရှိခဲ့တယ်နော်
နောက်ကျောကဓားမထိုးခဲ့ပါနဲ့ တဲ့
ငါအဖြစ်က ကိုယ့်ရှေ့တည့်တည့်က
ဓားနဲ့ ထိုးမဲ့သူကိုဆီးကြိုနေခဲ့မိတာပါ။…………….
ဘယ်သူပိုပြီးခံစားရမလဲ?………………
ငါမပြောချင်တော့ပါဘူး
မင်းကပိုခံစားရမှာပေါ့။……………။

Comment #4

ကြိုက်၏……။

commentinfo By: အောင်ရဲသူ at Jul 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment