အမုန်းသစ်ပင်

အားလုံးကိုပေး အရှုံးနဲ့ ကျန်ခဲ့ပါ့မယ်ပြောလည်း
တယူသန်တဲ့အစွဲ ရိုက်ချိုးလို့မရသလို
ငါ့ဘက်က သွေးအေး၊ မချစ်ဘူးလို့ သူထင်
အငြိုးနဲ့တေး အနားမှာခေါ်
ရက်စက်တော့မယ်ပေါ့
အမုန်းစေ့ချ ပျိုးမိလို့
ကြီးထွားရင့်သန် အမုန်းရွက်ပွင့်လန်းတာ
ငါ့ကတော့ မဆန်း…….
ခံယူဖို့ အဆင်သင့်ပါ……..
နင်သာ ကျေနပ်၊ တကယ်ပျော်တယ်ဆိုရင်
ငါ့မျက်ရည်စတေး နင့်သစ်ပင်ကို
သွန်းလောင်းပေါင်းသင်ပေးပါ့မယ်….
နင် ငါ့ကို နာနာကျဉ်းကျဉ်း မုန်းတီးနိုင်ပါစေ…
ငါ့ရဲ့ချစ်သူ
22-2-2011
လိပ်ပြာ
Comment #2
နင်သာ ကျေနပ်၊ တကယ်ပျော်တယ်ဆိုရင်
ငါ့မျက်ရည်စတေး နင့်သစ်ပင်ကို
သွန်းလောင်းပေါင်းသင်ပေးပါ့မယ်….
နင် ငါ့ကို နာနာကျဉ်းကျဉ်း မုန်းတီးနိုင်ပါစေ…
ငါ့ရဲ့ချစ်သူ ,,,, ဆုသာတောင်းနေတာ တစ်ကယ်ေ၇ာအမုန်းတွေကိုခံယူနိုင်လို့လား 🙂
By: rabbit at Feb 22, 2011
Comment #4
အားပေးသွားတယ်နော်
By: sawmyawadi at Feb 22, 2011
Comment #5
နင်သာ ကျေနပ်၊ တကယ်ပျော်တယ်ဆိုရင်
ငါ့မျက်ရည်စတေး နင့်သစ်ပင်ကို
သွန်းလောင်းပေါင်းသင်ပေးပါ့မယ်….
နင် ငါ့ကို နာနာကျဉ်းကျဉ်း မုန်းတီးနိုင်ပါစေ…
ငါ့ရဲ့ချစ်သူ
……………………
ထိသွားတယ်….ရင်ဘတ်ထဲ…….မိုက်တယ်….အားပေးနေတယ်…
By: အသဲကွဲမိုး at Feb 23, 2011




Comment #1
နင် ငါ့ကို နာနာကျဉ်းကျဉ်း မုန်းတီးနိုင်ပါစေ…
ငါ့ရဲ့ချစ်သူ
အားပေးသွားပါတယ် ကိုလိပ်ပြာ