Professional Authors

တုံ့ပြန်ကျေးဇူး

ဣတ္ထိယ၀ါဒီပီပီ
လောကဓံတရား ရှစ်ပါးကို
ထောင်ထားခြားနားဖို့
ဆန်စင်ရာ ကျည်ပွေ့လိုက်တတ်သော
တစ်ကွက်ချန် ပုထုဇဉ်တွေရဲ့
ချုံကြားနဲ့ ဘုံဖျား ယောင်သံများအား
ခပ်ရိုင်းရိုင်း ထုဆစ်လိုက်တိုင်း
လူးလှိမ့်လွယ် မျက်နှာကြောမှာ
အလျှံတညီးညီး တောက်လောင်ထင်ဟပ်
မစားရ၀ခမန်း အကဲစမ်းတတ်တဲ့
ကျောက်ခေတ်လို လူတန်းစားများ
ကျီစယ်ရက်သော ကျောက်တုံးတစ်ချက်
မတောက်တခေါက် အန္တရာယ်သင့်သွားတယ်

 ခက်တာပဲလေ
ပြီးသွားတဲ့ ဒုက္ခဆိုတာ
ရနေတဲ့ ဒုက္ခလောက်မှ
ရင်ခုန်ဖွယ် မကောင်းတော့
စကားလုံးတွေ စေးပျစ်တိုင်း
ကိုယ့်လက်ညှိုးနဲ့ ကိုယ့်ဘက်ပြန်ထိုးခံရတာ
အခါးသီးဆုံးပဲ မဟုတ်လား

 ဘာပဲဖြစ်ဖြစ်လေ
သရဲသကြားလုံးစားထားတဲ့ လျှာဖျားလေးသုံး
ကိုယ်ချင်းစာပါတယ်ဆိုတဲ့ ဓါးသွားပေါ်
အစ်အောက် စုံစမ်းတတ်သော
ဂျစ်ပစီသကာ ခပ်ပါးပါးတင်
သက်သောင့်သက်သာ နားလည်နိုင်ရေး
အနုပညာ အချိုးအစား မပြေပြစ်သေးတဲ့
ခပ်တုံးတုံး ကျွန်မကို
မြိန်ရေရှက်ရေ ပါးပါးလှီးတာလည်း ခံရဖူးတယ်

 အေးခဲနေတဲ့ ကိုယ်ချင်းစာအသိ
လုယက်ခံလိုက်ရတဲ့ ပုဂ္ဂလိကအခွင့်အရေး
လှေနံဓါးထစ် အသိပညာ
ယန္တရားဆန်လာတဲ့ အတွက်အချက်
ကရွတ်ကင်းလျှောက် လူနေမှုဘ၀နဲ့
သူမလိုချင်တာ ပြန်ရဖို့
စားပြီးတဲ့ ပန်းကန်တစ်ချပ်လို
ဖဲ့ဆေး ဆေးတာလည်း ခံရဖူးတယ်

 ဒီလိုနဲ့ ကဗျာတွေမှာ
အနုပညာ အတွင်းသားတက်ဖို့
ကိုယ့်ကိုယ်ကို တံဆိပ်ကပ်တိုင်း
Supermarket ထဲက အမြန်ဗိုက်ဝလွယ်တဲ့
Fast Food နဲ့ မှားမှာလည်းစိုးတယ်

 အိပ်မက်တွေ ပိပိနေတတ်တဲ့
လားရာမဲ့ နှုတ်ခမ်းနီတစ်တောင့်လောက်
ဆွဲဆောင်မှု မရှိမှာလည်းစိုးတယ်

 ညှစ်ထုတ်နိုင်စွမ်း နည်းသွားတဲ့
မြောင်းထဲရောက် ကြံကြိတ်ဖတ်တွေလို
အချိုရည် ခမ်းသွားမှာလည်းစိုးတယ်

 ဖြူနီညိုပြာ အနှစ်သာရတိုင်းမှာ
ဖြတ်သန်းမှု သက်လုံတွေရဲ့
စုတ်ချက် ကြမ်းသွားမှာလည်းစိုးတယ်

 ဘ၀ ဖလင်တစ်ကဒ်မှာ
ချစ်ခြင်းရဲ့ နဂ္ဂတစ်နှစ်ချပ်
အဆက်ပြတ်သွားမှာလည်းစိုးတယ်

 ထားပါတော့ ခုချိန်မှာ
သရဖူဆောင်းတဲ့ ဘုရင်မပဲဖြစ်ဖြစ်
တဲကုပ်ထဲက ငတ်နေသူပဲဖြစ်ဖြစ်
ကဏ္ဍကောစ မိုးမှောင်ပြတိုင်း
ကဗျာဖွဲ့ဖို့ လုံလောက်တဲ့ ရာသီဥတုမှာ
လင်းလက်ခွင့် ရလာခြင်းဟာ
ဦးတည်ချက်နဲ့ ဆန္ဒနှစ်ဖက်ကြား
ယုတ္တိဗေဒ ချိန်သီးတစ်ခုကို
မြှောက်လွှဲလွန်းထိုးဖို့
ခွန်အားတွေပဲ မှတ်ယူလိုက်ပါ့မယ်

In: ကဗျာ Posted By: Date: Mar 10, 2011
Comment #1

မင်းသမီး.. အားပေးနေတယ်
ဘ၀ ဖလင်တစ်ကဒ်မှာ
ချစ်ခြင်းရဲ့ နဂ္ဂတစ်နှစ်ချပ်
အဆက်ပြတ်သွားမှာလည်းစိုးတယ်

commentinfo By: genius.jinx28 at Mar 10, 2011
Comment #2

ထားပါတော့ ခုချိန်မှာ
သရဖူဆောင်းတဲ့ ဘုရင်မပဲဖြစ်ဖြစ်
တဲကုပ်ထဲက ငတ်နေသူပဲဖြစ်ဖြစ်
ကဏ္ဍကောစ မိုးမှောင်ပြတိုင်း
ကဗျာဖွဲ့ဖို့ လုံလောက်တဲ့ ရာသီဥတုမှာ
လင်းလက်ခွင့် ရလာခြင်းဟာ
ဦးတည်ချက်နဲ့ ဆန္ဒနှစ်ဖက်ကြား
ယုတ္တိဗေဒ ချိန်သီးတစ်ခုကို
မြှောက်လွှဲလွန်းထိုးဖို့
ခွန်အားတွေပဲ မှတ်ယူလိုက်ပါ့မယ်

commentinfo By: အသဲကွဲမိုး at Mar 10, 2011
Comment #3

ကျနော်…လာဖတ်သွားပါတယ်။

commentinfo By: မင်းလူန at Mar 11, 2011
Comment #4

ဆင့်မြင့်ထက်မင်းသမီးေ၇
ဆင့် အောက်ကညတ၇လေး
ကျွန်တော်ကလည်းအားပေးနေပါတယ်

commentinfo By: ko phyo at Mar 23, 2011
Comment #5

ဘ၀ ဖလင်တစ်ကဒ်မှာ
ချစ်ခြင်းရဲ့ နဂ္ဂတစ်နှစ်ချပ်
အဆက်ပြတ်သွားမှာလည်းစိုးတယ်

ကောင်းလိုက်တာဗျာ အားပေးလျှက်

commentinfo By: ကေအက်(စ်)အို at Mar 23, 2011
Comment #6

အေးခဲနေတဲ့ ကိုယ်ချင်းစာအသိ
လုယက်ခံလိုက်ရတဲ့ ပုဂ္ဂလိကအခွင့်အရေး
လှေနံဓါးထစ် အသိပညာ
ယန္တရားဆန်လာတဲ့ အတွက်အချက်
ကရွတ်ကင်းလျှောက် လူနေမှုဘ၀နဲ့
သူမလိုချင်တာ ပြန်ရဖို့
စားပြီးတဲ့ ပန်းကန်တစ်ချပ်လို
ဖဲ့ဆေး ဆေးတာလည်း ခံရဖူးတယ်

အားပေးပါတယ်

commentinfo By: abcd at Mar 23, 2011
Comment #7

မိဿရေ
ကိစ္စတွေ ပြီးရင်
ခဏလာခဲ့
သင်ပေးစရာရှိလို့
နောက်တာ

commentinfo By: G.T13 at Aug 24, 2011
Comment #8

ဘာပဲဖြစ်ဖြစ်လေ
သရဲသကြားလုံးစားထားတဲ့ လျှာဖျားလေးသုံး
ကိုယ်ချင်းစာပါတယ်ဆိုတဲ့ ဓါးသွားပေါ်
အစ်အောက် စုံစမ်းတတ်သော
ဂျစ်ပစီသကာ ခပ်ပါးပါးတင်
သက်သောင့်သက်သာ နားလည်နိုင်ရေး
အနုပညာ အချိုးအစား မပြေပြစ်သေးတဲ့
ခပ်တုံးတုံး ကျွန်မကို
မြိန်ရေရှက်ရေ ပါးပါးလှီးတာလည်း ခံရဖူးတယ်
ကောင်းတယ်ဗျာ

Comment #9

သရဲသကြားလုံးစားထားတဲ့ လျှာဖျားလေးသုံး
ကိုယ်ချင်းစာပါတယ်ဆိုတဲ့ ဓါးသွားပေါ်
အစ်အောက် စုံစမ်းတတ်သော
ဂျစ်ပစီသကာ ခပ်ပါးပါးတင်
သက်သောင့်သက်သာ နားလည်နိုင်ရေး
အနုပညာ အချိုးအစား မပြေပြစ်သေးတဲ့
ခပ်တုံးတုံး ကျွန်မကို
မြိန်ရေရှက်ရေ ပါးပါးလှီးတာလည်း ခံရဖူးတယ်

အေးခဲနေတဲ့ ကိုယ်ချင်းစာအသိ
လုယက်ခံလိုက်ရတဲ့ ပုဂ္ဂလိကအခွင့်အရေး
လှေနံဓါးထစ် အသိပညာ
ယန္တရားဆန်လာတဲ့ အတွက်အချက်
ကရွတ်ကင်းလျှောက် လူနေမှုဘ၀နဲ့
သူမလိုချင်တာ ပြန်ရဖို့
စားပြီးတဲ့ ပန်းကန်တစ်ချပ်လို
ဖဲ့ဆေး ဆေးတာလည်း ခံရဖူးတယ်

(တော်တော်တော်တဲ့ ကဗျာဆရာမ ပါလားဗျာ… အားကျသွားပါတယ်)

လေးစားလျက်

commentinfo By: နိုးဆက် နေ့ at Jan 20, 2013
Comment #10

အရေးအသားတွေကောင်းလှချည်လား အမရေ

အားပေးပါတယ်နော်

commentinfo By: သွဲ့သွဲ့ at Jan 20, 2013
Comment #11

မရိုးဘူး မင်းသမီး ကောင်းဆဲ

commentinfo By: thit khet at Apr 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment