ပြဿဒါးနိမိတ်
တခုခုကိုမျှော်နေပေမယ့် ..ဘာကိုမှမလိုချင်ပါဘူးလို့ ခဏခဏလိမ်တယ်
အဆင်မပြေပါဘူး မာယာ ခင်ဗျားထားခဲ့မှတော့ ကျွန်တော်ကျန်နေခဲ့ဖို့ ကလွဲ ဘာများရှိနိုင်ဦးမလည်း
ဘ၀တဲ့ မကျေညက်သေးတဲ့စာ အကြိမ်ကြိမ်မေးခံရတယ် သေချာတာကဒီတကြိမ်လည်း ကျ မှာပါပဲ
လမ်းတွေလျှောက်နေတာပဲ မရပ်ဘူး ..ပြီးတော့ မရောက်ဘူး
ဝေးနေတဲ့ မှတ်တိုင်ဟာ မာယာမပါလို့ ပဲဖြစ်တယ် ….
“ချစ်တယ်” (ခင်ဗျားအတွက်) ကျွန်တော့်အပေါဆုံးစကား
ကြားချင်ယောင်ဆောင်လိုက်ပါ …..
ကြည့်နေတာတော့ monitor ပဲ ဒါပေမယ့် မာယာ ရုပ်ခပ်ဆိုးဆိုးနဲ့ ခင်ဗျားမျက်နှာကြီးပဲတွေ့တယ်
အဲဒါကြီးကိုမှ ကျွန်တော်က မြင်ချင်နေခဲ့တာပါ
နစ်နေတဲ့ မြစ်ထဲမှာ မေခလာမလာပါနဲ့ “မာယာ မင်းလက်တကမ်းကို ငါမျှော်တယ်”
တော်ချင်ယောင်ဆောင်ထားတဲ့ စာသားတွေက ကျွန်တော့်ကဗျာပေါ့ လူတော်များကျော်သွားကြပါလိမ့်မယ်
ဆရာမောင်ချောနွယ်ခင်ဗျာ အသည်းကွဲပုစ္တာမှာ သီအိုရီတခုခုရှိပါလိမ့်မယ် ကျွန်တော့်ကိုလမ်းပြပေးလှည့်ပါဦး
မကြားတဲ့သူကို အကူအညီတစာစာတောင်းရင်း သည်းခြေအစုတ်အပြတ်ဟာ ဟောင်းနွမ်းပုံထဲရောက်လာတယ်
လက်ဖ၀ါးတွေက ၀ါးးး တားးး တားးး
ရေမရှိပဲစီးနေတဲ့မြစ် အဲဒါ (မီးတောင်လို )မာယာ ခင်ဗျားပါပဲ ကျွန်တော့်သွေးသားတွေထဲမှာ သက်ဝင်လှုပ်ရှား
ခင်ဗျားရှိတဲ့လမ်းဟာ ကျွန်တော့်ရဲ့ ဝေးနေဆဲ ပန်းတိုင်
တဆိတ် ..မငြိုငြင်ပါနဲ့လား
ခင်ဗျားဟာ လက်နက်မကိုင်ထားပဲနဲ့တောင် လူသတ်နိုင်လောက်အောင်ပဲ ထူးချွန်တယ်
ညီညီညာညာမရှိတဲ့ စခန်းဟာ ဘ၀လမ်းပါပဲ
ကျွန်တော့်မှာ အစိမ်းရောင်ခပ်များများကလွဲအခြားအတွက်လည်းရဲရင့်ခွင့်မရခဲ့ဘူး
ကျွန်တော်ကြောက်ပါတယ် မာယာ အရာအားလုံးထက်ပေါ့ မမြင်နိုင်တဲ့ စုန်းမ ဆိုတာ ခင်ဗျားပဲဖြစ်ပါလိမ့်မယ်
ဒီတခေါက်လမ်းမှာ ကြုံဖြစ်ကြရင် ကျွန်တော် ဘက် ခြမ်းကို နောက်တကြိမ် အဖြစ် စွန့်ပြစ်လိုက်ပါဦးမာယာ
အဲဒီ ၀ါး တား တား လက်ဖ၀ါးတွေနဲ့ ကျွန်တော် ခင်ဗျားကို လက်ပြ၀ံ့ဖို့ အရောင် တင်ထားတယ်…
အလှမ်းဝေးဝေး ရင်ဘတ်ဆွေးနေတဲ့ ကြယ် မှန် ကြယ် မွှား အဖြစ် ရှိနေခဲ့မယ်ဆို …..
အဲဒီကောင်းကင်ကိုစုတ်ဖြဲပြစ်လိုက်ပါ
နစ်နေတဲ့မြစ်ထဲမှာ ရေဆန်ကိုဖြတ်ကူးရင်း အသက်ငွေ့ငွေ့ပဲကျန်နေခဲ့မဲ့
မထင်မရှားငါးတကောင်ဆို အဲဒီပင်လယ်ကိုကျောခိုင်းသွားလိုက်ပါ
မာယာ
ကျွန်တော်တို့  ဘယ်တုန်းကမှ ..မဆုံခဲ့ကြပါဘူး
ကျွန်တော်ဟာနောင်တ တွေ အများကြီးနဲ့ကောင်
ခင်ဗျားကိုချစ်ခဲ့တာက အစ …ခင်ဗျားကိုချစ်ခဲ့တာအဆုံးထိ ကျွန်တော်မှားခဲ့တယ်
(Friday, October 12, 2012- ကြာ ခဲ့ပါပြီ ကဗျာ အို လေးပါ)
Comment #2
မမိုး အမိုက်စား ရင်ထိစားတွေပဲ အားပေးမြဲပါ
 By: poem.poem28 at Jun 16, 2013
                        By: poem.poem28 at Jun 16, 2013
                    Comment #3
ခင်ဗျားကိုချစ်ခဲ့တာက အစ …ခင်ဗျားကိုချစ်ခဲ့တာအဆုံးထိ ကျွန်တော်မှားခဲ့တယ်
………………………………………………………….
တကယ်ပါ….အားလုံးမှားခဲ့တယ်
 By: နွေ at Jun 17, 2013
                        By: နွေ at Jun 17, 2013
                    Comment #6
အားပေးသွားပါတယ်ဗျာ
 By: moehtetaung18 at Oct 23, 2013
                        By: moehtetaung18 at Oct 23, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
နောင်တ