Professional Authors

နွေ

နွေ ..ခင်ဗျားရဲ့အမြစ်ဟာ သိပ်ကိုရှည်လျားလွန်းတယ် နှလုံးသားကိုရစ်သိုင်း သိမ်းပိုက်
စိတ်အာရုံမျှ တောင် အလွတ်မကျန်ခဲ့ဘူးနော်

 

နွေ .. ခင်ဗျားရဲု့ဖြစ်တည်မှုဟာသိပ်ခမ်းနားလွန်းတယ် ကျွန်တော်ကိုယ်တိုင်တည်ဆောက်
ကျွန်တော်ကိုယ်တိုင် ကိုးကွယ်ထားတဲ့ ရင်ငွေ့သွန်းတိမ်တိုက်ဆောင် ကျွန်တော်ကိုယ်တိုင်ဖျက်ဆီးဖျောက်ဖျက်လို့ တောင် မရနိုင်တော့ဘူးလေ

 

နွေ ..
ကျွန်တော် ခင်ဗျားအနားက အဝေးကြီးကို ခဏခဏပြေးတယ်
ကျွန်တော် ခင်ဗျားကို မချစ်ဖို့  အကြိမ်ကြိမ် ကြိုးစားတယ်
ကျွန်တော် ခင်ဗျားကို မေ့ပြစ်ဖို့  အိပ်ဆေးတချို့ရဲ့ အကူအညီကိုလည်း ယူခဲ့ဖူးတယ်
ကျွန်တော် ခင်ဗျားကို မမြင်ရဲတော့လို့  အိပ်စက်ခြင်းဖျက် အိပ်မက်တွေလည်း သတ်ခဲ့ဖူးပါတယ်

။ကျွန်တော်သိပ် မှား ခဲ့ သူ ပါ နွေ။

 

ရိုးသားလွန်ခြင်းဟာနွေမကြိုက်တဲ့ပန်းတစ်ပွင့်ဖြစ်တဲ့အကြောင်း ခုထက်ထိ ကျွန်တော်နောမကြေတတ်သေးလို့ 
တကိုယ်စာမက တသံသရာလုံး ပါ ထပ်လောင်းကာပြာချ ကျွန်တော့် ဖြစ်တည်မှုကို လောင်ကျွမ်းစေလိုက်ပါနွေ

။ကျွန်တော်သိပ် အတ္တကြီးခဲ့ပါတယ် ။

ဝေးကွာခြင်းလမ်းတွေ ဖောက် အခြားဘက်သို့လှမ်းလျောက်နေတာကြာလို့   မောပန်းမှာလည်း စိုးရပါတယ်
နွေ
ကျွန်တော် လေ အဲဒီကွာဝေးခြင်းအတွက် အဖြေမယူရက်တော့ပါဘူး။

ခင်ဗျား ဟာသိပ် ချစ်စရာကောင်းတဲ့ ပူပြင်းမှုတစ်ခုဆိုတာ ကျွန်တော်ဂုဏ်ယူဝံ့ကြွားရင်း
ဦးညွှတ် ဒူးထောက်ခြင်းတွေနဲ့ အတူ နှုတ်ဆက်ခဲ့ပါတယ်

 

” ကျွန်တော်တို့ဆုံလိမ့် ဦးမယ် “ဆိုတဲ့ ခပ်ပေါပေါ အတွေးလေးတစ်ခု – အပန်းမကြီးဘူးဆိုခဲ့ရင်
ခင်ဗျားရဲ့ အမုန်း နဲ့ ခတ် (ကျွန်တော့်အတွက်) လက်ဆောင်အဖြစ် ခွင့်ပြုပေးခဲ့ပါဦး

 

ခင်ဗျားဆီကဆိုဥပေက္ခာစကားလုံးတွေ တောင် ရွှေချလို့  ယုယခဲ့တဲ့ကောင်မို့ ရင်နင့်လမ်းခွဲမှာ
လွမ်းဒဏ်အဆစ်တောင်းတာ ကို ဗွေမယူပါနဲ့ နွေ။

။ကျွန်တော် လွန်တာ တွေ ရှိခဲ့မှာပါ။

 

ဆုတောင်းတွေနဲ့အမှာစကားတွေကို ကျွန်တော် လွှတ်ပစ်ခဲ့ပါတယ်

 

နာကျဉ်းသူမှတ်တမ်းမှာခင်ဗျား အမည် ဘယ်တော့မှ မတပ်ခဲ့သူတစ်ယောက်အကြောင်း
ပုံပြင်တွေထဲထည့်လို့  (ကျွန်တော့်လို) အလိုက်မသိသူတွေကို ဆုံးမသွန်သင်ပါဦး ။

 

 

 

ဒါနဲ့နွေ


အဲဒီ ပြာတွေ လွင့် ကြွေ ကျ လာ တဲ့ အခါ

 

ခင်ဗျား

 

ခပ်ဝေးဝေးက  ပဲ အမျှ ဝေလိုက်ပါ။

 

။ကျွန်တော်(ခင်ဗျား) ကို ခွဲခွာနိုင်ခဲ့ပြီဆိုတဲ့အကြောင်း သေသပ်တိကျစွာ ရဲရင့် ချင် ခဲ့ လို့ ပါ။

In: ကဗျာ Posted By: Date: May 12, 2013
Comment #1

အဲဒါဘာဖြစ်လိုလဲဆိုတော့သူကမိုးကိုသေလောက်အောင်ချစ်ခဲ့လိုပဲဖြစ်ရမယ်။
နောက်ထပ်နောက်ထပ်အသစ်တွေအစားထိုးလို့မရနိုင်လောက်အောင်သူကအစွမ်းကုန်အရိုးသားဆုံးချစ်ခဲ့တာသချာတယ်။
မိုးးကသူ့အပေါ်ကိုရက်ရက်စက်စက်ပညာတြွြွေပြထွိ့လွက်ပြေးသွားတာဖြစ်ရမယ်။
ရိုးသားတဲ့သူတွေကိုပညာသွားပြရင်သူတ့က့သလောက်အောာ်ငြေ်ောက်ပြီးထွက်ပြေးတတ်တယ်နော်ကြ

commentinfo By: ei lay at May 12, 2013
Comment #2

ကျွန်တော်(ခင်ဗျား) ကို ခွဲခွာနိုင်ခဲ့ပြီဆိုတဲ့အကြောင်း သေသပ်တိကျစွာ ရဲရင့် ချင် ခဲ့ လို့ ပါ။

commentinfo By: မေပျို at May 12, 2013
Comment #3

ချစ်ညီမအိလေးရေ အားပေးလို့ ကျေးဇူးဗျ ဒါပေမယ့် ညီမလေးရယ် ကဗျာကိုပဲဝေဖန်ပေးပါ မမိုးကို ညီမလေး မသိပဲဝေဖန်တာကျတော့ မမိုးအတွက်လည်း ထိခိုက်သလို ညီမလေးလည်းမကောင်းဖြစ်တာမို့ ပါ ..မေပျို့ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နော်

commentinfo By: athaekwelmoe at May 12, 2013
Comment #4

Rrrrrr
sorry
sorry
sorry
i do apologize to u if i made mistakes.
i request u for my comments,over open-minded,one-sided advise,my selfish & childish Thoughts.
i did it as i feel. he,he,
hope u forgive me,plz.
i promise i won’t write comments as i feel from now on.
really really i promise.

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment