“ခင်ဗျားဆိုတာ..ကျွန်တော်ထင်တာထက် ပို……..”
မငိုပါဘူးလို့
မျက်ရည်တွေကြားက ကျွန်တော်
အံကြိတ်လို့  မာန်တင်း
မိန်းခလေးမာနထိန်းလို့ 
ခင်ဗျား ကြားအောင် ဟစ်ကြွေး
…………………..
ခင်ဗျားအတွက်တော့ ကျွန်တော်ဟာ ဖတ်လို့မကောင်းမယ့် စာတအုပ်
အပူရုပ်ကိုဟန်လုပ် သရုပ်ဆောင်နေမှန်းသိ..သိနေရက်နဲ့
ကျွန်တော့် အနားက အဝေး..အဝေးကြီး သို့ ပြေးထွက်သွားခဲ့တယ်
………………………..
မစိုပါဘူးလို့
ပါးပြင်နွေးနွေး ကို လက်ဖ၀ါးနှစ်ဖက်နဲ့ ကာ
ခပ်ညစ်ညစ် မာန်တင်းရင်း ကျွန်တော် ခင်ဗျားကို ညာခဲ့ဖူးတယ်
…………………………….
ကျွန်တော်ရူးခဲ့တာ ခင်ဗျား..ခင်ဗျားဆိုတာ
ဘယ်လိုပင်လူသိရှင်ကြား..ဖြစ်နေပါစေ
အရှုပ်ထုတ်သက်သက်မို့ အဖက်လုပ်လို့ အရေးမစိုက်ချင်တဲ့အခါ
ကျရှုံးခန်းတွေ မြင် ..မြင်နေရက်နဲ့
ခေါင်းတချက်မငဲ့..လှည့်ထွက်သွားရက် ခဲ့တယ်
…………………………………
မရက်စက်ဘူး….ခင်ဗျားမရက်စက်ဘူး
တစာစာ ဟစ်အော်ရင်း..ကာရံတွေခင်း
ကဗျာတွေရေးရင်း….လှမ်းဆင့်လို့လက်ကမ်း
ကမ်းလင့်လက် ရဲ့ တ၀က်တပျက်မှာတင်
ကျွန်တော့် ..အချစ်ပန်း…မလန်းဆန်းခင် ငြိုး နွမ်း သွား ခဲ့ ရတယ်။
……………………………………….
အလှမ်းဝေးခြင်းတွေကင်းဖို့
လွမ်းတေးတွေဆင့်
ကျွန်တော် ခင်ဗျားအတွက်သက်သက်
ရင်ဘတ်ကို ချခင်း ပြ သ ခဲ့ ဖူးတယ်
………………………………………….
ထားပါတော့..ဗျာ
ထား လိုက် ပါတော့
(ခင်ဗျား)
လှမ်းမလာချင်တော့တဲ့
(ကျွန်တော့်)့
အချစ်လမ်းကမ္ဘာအတွက်
နောက်တကြိမ် …ဆိုတာ
ထပ်ရှိလာခဲ့ရင် …
အရင်လို အရင်အတိုင်း တံတိုင်းအပြင်ဘက်မှာပဲ …ဘေးထွက်နေလိုက်ပါတော့
…………………….
အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်နေရင်း
ခင်ဗျားအတွက် ကျွန်တော့် ရင်ဘတ်တမ်းချင်း သွေးချင်းချင်းနီခဲ့တယ်
………………………
တကယ်ပါ
ခင်ဗျား
သိပ် ရက် စက် တယ်။
တော်တော်ကြာပြီဗျရေးထားတာ..တော်တော်ကြီးကိုကြာပါပြီ…
Comment #3
:'(
:'(
:'(
By: ei lay at Aug 25, 2012
Comment #4
တကယ်ပါ
ခင်ဗျား
သိပ် ရက် စက် တယ်။..
“ခင်ဗျားဆိုတာ..ကျွန်တော်ထင်တာထက် ပို…….. ပိုရက်စက်တယ်…”
မမိုး….ခံစား..နှစ်သက်သွားပါတယ်….
By: poem.poem28 at Aug 27, 2012
Comment #5
အားလုံးပဲ ..မဟားတရားကျေးဇူးတင်ပါတယ်လို့ . 😀
By: အသဲကွဲမိုး at Aug 27, 2012
Comment #6
a me lay,,,e lout taung pe lar ,,ma moe ye.
😛
😛
By: ei lay at Aug 27, 2012
Comment #8
ခင်ဗျားဆိုတာ ကျွန်တော်ထင်တာထက် ပို……………ပို ရက်စက်တယ်
By: နွေ at Dec 30, 2013
Comment #9
har …………………i like it very much
By: moe zaw naing at Dec 30, 2013




Comment #1
မငိုပါဘူးလို့
မျက်ရည်တွေကြားက ကျွန်တော်
အံကြိတ်လို့  မာန်တင်း
မိန်းခလေးမာနထိန်းလို့ 
ခင်ဗျား ကြားအောင် ဟစ်ကြွေး
…………………..
ခင်ဗျားအတွက်တော့ ကျွန်တော်ဟာ ဖတ်လို့မကောင်းမယ့် စာတအုပ်
အပူရုပ်ကိုဟန်လုပ် သရုပ်ဆောင်နေမှန်းသိ..သိနေရက်နဲ့
ကျွန်တော့် အနားက အဝေး..အဝေးကြီး သို့ ပြေးထွက်သွားခဲ့တယ်
………………………..
မစိုပါဘူးလို့
ပါးပြင်နွေးနွေး ကို လက်ဖ၀ါးနှစ်ဖက်နဲ့ ကာ
ခပ်ညစ်ညစ် မာန်တင်းရင်း ကျွန်တော် ခင်ဗျားကို ညာခဲ့ဖူးတယ်
taw taw kg tal…. by shwe sin (or)shine lat nwe oo