Professional Authors

မှို

တခါတလေ

အလင်းအမှောင် မကွဲတဲ့ လမ်းတွေကို လျှောက်မိတယ်

သိမ်းထားမိတဲ့

စာရွက်ဟောင်းတွေတောင် ဘယ်နားရောက်နေမှန်းမသိ….။

 

တခါတခါ

အဆိပ်အတောက်ဆိုပြီး

လွင့်ပစ်ကြတယ်

အရသာရှိတော့

ကောက်ကိုင်လိုက်ပြန်ရော…..။

 

ယိမ်းနွဲ့ခွင့်တော့ မရကြရှာဘူး

ထိတွေ့ကိုင်တွယ်ခွင့် မရကြရှာဘူး

မိုးတပြိုက်ကျမှ လင်းလက်ခွင့် ရကြရှာတယ်…..။

 

အနီးအနား အ၀န်းအ၀ိုင်းကလည်း

ဆက်သွယ်မှုဧရိယာပြင်ပဆိုတော့

သေဆုံးခြင်း အတုလုပ်ဖို့ သုဘရာဇာကိုပဲ

ခွင့်တောင်းတော့မယ်

ကဲ ကျုပ်ကို စမြှပ်တော့……။

 

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

အနီးအနား အ၀န်းအ၀ိုင်းကလည်း

ဆက်သွယ်မှုဧရိယာပြင်ပဆိုတော့

သေဆုံးခြင်း အတုလုပ်ဖို့ သုဘရာဇာကိုပဲ

ခွင့်တောင်းတော့မယ်

ကဲ ကျုပ်ကို စမြှပ်တော့……။ LIKE LIKE LIKE

commentinfo By: အသဲကွဲ မိုး at Jun 14, 2013
Comment #2

ဒီနေ့ ကားစီးရင်း မှိုတွေအများကြီးရောင်းနေတာကိုတွေ့ခဲ့ပါတယ်
ဒါကြောင့် ဒီကဗျာလေးကို ဖတ်လိုက်တာပါ
တခါတခါ

အဆိပ်အတောက်ဆိုပြီး

လွင့်ပစ်ကြတယ်

အရသာရှိတော့

ကောက်ကိုင်လိုက်ပြန်ရော…..။
ကဗျာအရေးအသားလေး မဆိုးဘူးဗျ
အားပေးသွားပါကြောင်း ~~

လေးစားစွာဖြင့်
ရေး

commentinfo By: X - ray at Jun 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment