Professional Authors

သိနေတဲ့ အဖြေ ……. ( သြခန့်မှူး )

လွမ်းတာလား ….
ဆွေးတာလား ….
သေချာမသိပေမယ့်
ဝေးကွာသွားခဲ့တာတော့
သေချာတယ် … ။

(သူငါ့ကို)
ချစ်တာလား ….
ရစ်တာလား ….
သေချာမသိပေမယ့်
ပစ်ခွါသွားခဲ့တာတော့
သေချာတယ် …. ။

အသဲကွဲသွားတာလား ….
အသဲခွဲသွားတာလား ….
သေချာမသိပေမယ့်
ကွဲလွဲသွားခဲ့တာတော့
သေချာတယ် …. ။

(သူ့ကို)
ချစ်ခဲ့သလား ….
မချစ်ခဲ့ဘူးလား ….
သေချာမသိပေမယ့်
(ငါ့နှလုံးသား)
အက်ပဲ့သွားခဲ့တာတော့
သေချာတယ် …. ။

သူ နဲ့ ငါဟာ
မျဉ်းပြိုင်နှစ်ခုလား ….
ဆုံမျဉ်းနှစ်ချောင်းလား …..
သေချာမသိပေမယ့်
အမှတ်တစ်ခုက
ထွက်ခဲ့ကြတာတော့ သေချာတယ် …. ။

(သူနဲ့ငါဟာ)
တဖြည်းဖြည်းနဲ့ ဝေးသွားမလား
မျဉ်းတစ်ကြောင်းထဲမှာ ရှိနေမလား
သေချာမသိပေမယ့်
. . . . . . . . . . . . .
. . . . . . . . . . . . .
သေချာတယ် . . . . ။

                           သြခန့်မှူး
[email protected]
သင်းကွဲနွေ မှာ ရင်ခုန်ကြသူများ (ကဗျာ၊စာစုများ)မှ

In: ကဗျာ Posted By: Date: Apr 14, 2011
Comment #1

တစ်နေရာရာမှာတော့ ထပ်တူကျသွားမယ်ဆိုတာ သေချာတာပေါ့

commentinfo By: အိမွန် at Jun 9, 2011
Comment #2

သူ နဲ့ ငါဟာ
မျဉ်းပြိုင်နှစ်ခုလား……
ဆုံမျဉ်းတစ်ချောင်းလား…..
သေချာမသိပေမဲ့
အမှတ်တစ်ခုက
ထွက်ခဲ့ကြတာတော့ သေချာတယ်……..

အဲ့ဒိ အပိုဒ်လေးကို အရမ်းကြိုက်တယ် …..
နောက်ဆုံး ကျရင် ပေါင်းစည်းရပါလို၏လို့
ကျွန်တော် ဆုတောင်းပေးပါတယ်…….
ကျွန်တော့် ကိုလဲ ပြန်ဆုတောင်းပေးနော်………။

commentinfo By: Poekglay at Jun 19, 2011
Comment #3

မျဉ်းပြိုင်နှစ်ကြောင်းလည်း တစ်ခါတစ်လေ ဆုံမှတ်ဆိုတာမျိုး ရှိတတ်ပါတယ်
နားဝမှာရှိတဲ့ ကြားဖူးတာလေးပါ ~~

commentinfo By: X - ray at Nov 20, 2011
Comment #4

ကြိုက်တယ်ဗျ..နှစ်သက်စွာအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment