Professional Authors

ယုံကြည်ခြင်းသာလိုအပ်လိမ့်မယ်

အလင်းကို ပြန်တွေ့တဲ့
ညတစ်ညဟာ
ကျွန်မပါ .. မောင်

မထွေးနိုင် မအန်နိုင်
အနာဂတ်ကို
မျက်ရည်တွေနှင့် သန့်စင်ပစ်ဖို့
ကြိုးစားပါသေးရဲ့ ..

မတတ်သာခဲ့ဘူး
မောင့် အချစ်တွေကို
မျက်နှာလွှဲပစ်ဖို့ရာ မစွမ်းဘူး
သိပ်ကို နုံနဲလွန်းပါတယ်လေ ….

ယုံကြည်စမ်းပါ

လက်ချင်းမတွဲမိဖူးပေမယ့်
အိပ်မက်တွေကတော့
နှစ်ယောက်လုံး တစ်ခုပဲ မဟုတ်လား ..

အတူတူ တွဲမလျှောက်ဖူးပေမယ့်
ဦးတည်ရာက
တစ်နေရာတည်းပဲ မဟုတ်လား ..

ထိတွေ့ကိုင်တွယ်ခွင့် မရှိပေမယ့်
ကြင်နာမြတ်နိုးမှုတွေဟာ
တစ်ယောက်တည်းအတွက်ပဲ မဟုတ်လား ..

ဒီခရီးမဆုံးခင်ထိတော့
အဟန့်အတားတွေ ရှိနိုင်မယ်
မြည်တမ်းလွမ်းဆွေးမှုတွေ ရှိနိုင်တယ်

ဒါပေမဲ့
သိမြင်လိုက်ပါနော် ..

မောင် ရှုရှိုက်လိုက်တဲ့
လေပြေထဲမှာ ကျွန်မရဲ့အချစ်ရနံ့တွေ
ကြိုင်ကြိုင်မွှေးနေလိမ့်မယ် …..

မောင် ဖွင့်ကြည့်လိုက်တဲ့
တိမ်တိုက်တွေမှာ ရင်ခုန်သံတွေ
ရွှန်းရွှန်းစိုနေလိမ့်မယ် …

မောင်  လွမ်းမိတဲ့အခါ
ကျွန်မရဲ့ လိပ်ပြာငယ်ဟာ
တစ်ဖျတ်ဖျတ် ပျံသန်းနေလိမ့်မယ် …

မနီးပေမဲ့ မဝေးပါဘူး
နှလုံးသွေးဟာ အသက်တည်သရွေ့
ထာဝရ စီးနေလိမ့်မယ် …

ယုံကြည်ဖို့ပဲ
လိုအပ်ပါလိမ့်မယ်
ခရီးဆုံးရောက်တဲ့ ထိ ပေါ့
ခရီးဆုံး ရောက် တဲ့ ထိ ပေါ့  …..

In: ကဗျာ Posted By: Date: May 18, 2013
Comment #1

အရမ်းချစ်တယ် မ
ခရီးများဆုံးထိလျှောက်မယ် 🙂

commentinfo By: loafer at May 18, 2013
Comment #2

🙂
Together Forever

commentinfo By: maypyo22889 at May 18, 2013
Comment #3

I’ll besides u till i die.
🙂

commentinfo By: ei lay at May 18, 2013
Comment #4

မောင် ..ဆိုတဲ့သူ..ဒီလောက်ချစ်တတ်တဲ့ ကောင်မလေးရတာကို….

commentinfo By: kyawnainglin174 at May 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment