Professional Authors

ဒီနေ့ မိုးတွေရွာနေတယ်…

အပျော်ဆုံးတနေ့..
အဲဒီနေ့က မိုးမရွာဘူး..
ချစ်တယ်ဆိုတဲ့စကား
နှလုံးသားကို ပထမဆုံးအကြိမ်
လာရိုက်ခဲ့တခဏ..
ဝမ်းသာလွန်းလို့ ထင်ပါ့
ပန်းကလေးတွေ ငိုကြတယ်…..

ချစ်သူဘ၀တဲ့..
ဘာမှမရှိခဲ့ရင်တောင်
သူ့အပြုံးတွေအောက်မှာ
အကြိမ်ကြိမ်ပြိုကျ
သူ့အနားရှိတဲ့ ခဏမှာ
တစ်လောကလုံးကို မေ့သွားဖူးတယ်…

မှတ်မိသေးတယ်..
အိပ်မက်တွေပျက်စီးတဲ့ တနေ့..
ကမ္ဘာကြီး ပြိုကျတဲ့ တနေ့…
ခပ်စိမ်းစိမ်းတိုက်တဲ့ လေကြမ်းတွေနဲ့
လျှပ်စီးတွေတောင် လက်လို့..
မှတ်မှတ်ရရ အဲဒီနေ့က မိုးတွေရွာတယ်…

အကာအကွယ်မဲ့ ငါ့ရင်ခွင်ထဲ
တရကြမ်း တိုက်ခတ်သွားတဲ့အမုန်းတွေကြောင့်
ဘ၀တစ်ခုလုံး ကြေမွ
ရစရာမရှိတော့တဲ့အချိန်
အငြိုးကြီးလွန်းတဲ့မိုးက
သည်းသည်းကြီးကိုရွာတယ်..

ကြာပြီဆိုပေမယ့်..
ငါ မမေ့သေးဘူး…
နင်ပေးခဲ့တဲ့ ဒဏ်ရာ ပျောက်လုပြီဆိုပေမယ့်
အနာရွတ်လေးတော့ကျန်ခဲ့တယ်…
နင့်နင့်သည်းသည်းလွမ်းမိတဲ့အချိန်တိုင်း
တဆစ်ဆစ်နဲ့ နာကျင်ရဆဲ
တမ်းတမိတယ်မဟုတ်ပေမယ့်
တခါတလေတော့ လွမ်းမိတယ်…
တိုက်တိုက်ဆိုင်ဆိုင်လေ..
ဒီနေ့ မိုးတွေရွာနေတယ် ချစ်သူရယ်….

In: ကဗျာ Posted By: Date: Jul 26, 2012
Comment #1

ခံစားရတယ်တစ်ကယ်ကောင်းပါတယ်။

commentinfo By: စုခရေ at Jul 27, 2012
Comment #2

မိုက်တယ် share p nor

commentinfo By: gg at Jul 27, 2012
Comment #3

တိုက်တိုက်ဆိုင်ဆိုင်လေ
ဒီနေ့ မိုးတွေရွာနေတယ်………….

~ Kk ~

commentinfo By: Kk at Jul 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment