Professional Authors

ကံကြမ္မာနှင့်ကစားခြင်း

 

ဖဲချပ်ကို ဆွဲလှန်ကြည့်လိုက်တယ်

အနီရောင်နှင်းဆီပန်းတွေ ရဲပတောင်းခတ်လို့

သူတို့ပွင့်နေလိုက်ကျတာများ

မာန်နတ်က မခူးဆွတ်တော့မယ့် ဟန်မျိုးနဲ့

နှင်းဆီတခင်းစာ ကျရှုံးတော့မယ့်

ဆူးခက်တွေအကြောင်း သူတို့မသိဘူး….။

 

ဟောစာတမ်းကို ဆွဲယူကြည့်လိုက်တယ်

“ရိုးသားစွာ ၀န်ခံလိုက်ပါတဲ့”

တို့နှစ်ယောက်ကြား ပွင့်လင်းရမယ် ဆိုရင်တော့

ငါက ငါ့မာနကို တမလွန် အရောက်သဂြိလ်နေချိန်

နင်က နင့်နှုတ်ခမ်းကို တင်းတင်းစေ့ထား

ငါတို့ဘာအရောင်နဲ့မှ မစကြေး

တယောက်မျက်ဝန်း တယောက်စိုက်ကြည့်ထားဖို့ပဲ လိုမယ်….။

 

အပြောက်အပြောက်လေးတွေနဲ့

တွန်းထိုးဝင်လာတဲ့ နေမင်းရေ

ဒြပ်စင်လား ဒြပ်မဲ့လား

ပရိုတွန်လား နယူတွန်လား

ငါ့ညီမျှခြင်းက တဖက်ဖက် နှုတ်ပေးမှ ဖြစ်မတဲ့

(ကဲ ဒါဆို )

နင်က စမလား ငါက စမလား

ပြိုင်တူပဲ ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ကြမလား…..။

 

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment