Professional Authors

အသက်ဝင်နေတဲ့ ကျောက်ရုပ် (၂)

နင်က တားမြစ်တယ်
မလှုပ်လိုက်နဲ့တဲ့
ငါ နာကျင် စိတ်ထိခိုက်ရ
ငြိမ်းချမ်းရေးပန်းတစ်ပွင့်က နင့်လက်ဖ၀ါးထဲ ပွင့်နေ
သူတို့ နင့်ကို သိပ်ချစ်ကြတယ်။

ငါ နိစ္စဓူဝ
မိုးထဲ နေထဲ လောင်မြိုက်ခံနေရဆဲ
အထီးကျန်
ငါ့ မာကြော အရေပြားပေါ်
တိုက်ကပ်ပန်းတွေ နွယ်တက်
အညွန့်တလူလူ
ငါ့မှာတော့ လုပြီး အသက်ရှုနေရ။

နင့်နာမည် ဘယ်သူ?
နင်က ဘာမဆိုဖြစ်တယ်။

တစ်နေ့က
ချစ်သူတွေ ၊သူတို့ ချစ်သက်ရက်စွဲတွေ
ငါ့ခန္ဒာပေါ် ရေးထိုးကြတော့
ငါ့ ၀ိဥာဉ် အပြင်းဖျားတယ်
နောက်တစ်နေ့ ငါသေတယ်
ဘယ်တော့မှ မလှုပ်တော့။

In: ကဗျာ Posted By: Date: Apr 8, 2011
Comment #1

ငါ နိစ္စဓူဝ
မိုးထဲ နေထဲ လောင်မြိုက်ခံနေရဆဲ
အထီးကျန်
ငါ့ မာကြော အရေပြားပေါ်
တိုက်ကပ်ပန်းတွေ နွယ်တက်
အညွန့်တလူလူ
ငါ့မှာတော့ လုပြီး အသက်ရှုနေရ။……
………………………………….
//////

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #2

mike de kwar.
😛

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment