Professional Authors

“ယုံကြည်ခြင်း… ပြိုင်ပွဲ”

နင်က….
ဒေသရဲ့ အနေအထားကြောင့်
အချိန်တွေကြာတော့လည်း
“အသစ်တွဲလိမ့်” လို့ ယုံကြည်တယ်…..။
ငါက….
ဒီလူ ဒီရင်ခွင်ကလွဲ
တခြားတခြားတွေ
အာရုံထဲအရောက်မခံ
ငါတို့ ဆုံကို ဆုံရမယ်” လို့ ယုံကြည်တယ်….။
 
နင်က….
ရင်ခွင်မှာ မနာကျဉ်ဘဲ
အလွမ်းတွေနဲ့
“မေ့သွားမှာပါ“လို့ ယုံကြည်တယ်…..။
ငါက….
အကြင်နာတွေ ပီသနေဆဲမို့
အထင်ကရရှိနေဆဲ သံယောဇဉ်အား
ထပ်မံဖြည့်လောင်း
နင့်ကို ငါ့နှလုံးသားထဲက “မေ့ဖျောက်မသွားဖို့ “ ယုံကြည်တယ်…။
 
နင်က….
ရာသီခွင်တွေကို ထောက်ပြပြီး
နူးညံခြင်းတွေ ပြတ်သား
“ပြန်ဆုံချိန်က ရောက်မလာလောက်တော့ဘူး”လို့ ယုံကြည်တယ်….။
ငါက…..
ပြက္ခဒိန်တွေ ရေတွက်ပြီးရွှင်ပြ
အချစ်စစ်ရဲ့ အခက်အခဲတွေ လုံလောက်စေဖို့
“အခိုက်အတန့်တွေ ကျော်ဖြတ်နေရတယ်”လို့ ယုံကြည်တယ်…။
 
နင်က…..
သစ္စာအကြောင်း လှောင်ပြောင်ပြောတယ်
တသီးတခြား ဝေးကွာခြင်းအား
“ငါ့တို့ကြား ထိုးဖောက်ထားနိုင်တယ်”လို့ ယုံကြည်တယ်…။
ငါက…..
မေတ္တာစစ်မို့ အတည်ပြု
အသေးအမွှား ကာလတွေအား
နောက်ကျောမှာထားပြီး
“ငါ့အချစ်ကြောင့် အမြဲတမ်းနီးနေမယ်”လို့ ယုံကြည်တယ်…။
 
ဒီလိုတွေနဲ့ပဲ……
ထင်မြင်ချက်တွေ ပွေ့ပိုက်
ဘယ်သူ့ယုံကြည်ချက် အနိုင်ရမယ်
အဆုံးအဖြတ်မသိခင်လေး….
ဘယ်တော့မှလည်း နင် စ မနှုတ်ဆက်နဲ့
ယုံကြည်ခြင်းပွဲလေးထဲ
ငါတို့ အတူဆင်နွှဲကြမယ်…..
နင်ရှုံးခဲ့ရင်…….
ဒီတစ်သတ် ငါ့ရဲ့ဘေးမှာ နေပေးကြေး…..။     ။
In: ကဗျာ Posted By: Date: May 26, 2011
Comment #1

စာသားလေးတွေအရမ်းမိုက်တယ်….သဘောကျလို.ကူးသွားပါတယ်။

commentinfo By: Sandy at May 26, 2011
Comment #2

နင်ရှုံးခဲ့ရင်…….
ဒီတစ်သတ် ငါ့ရဲ့ဘေးမှာ နေပေးကြေး…..။ ။

pay ya mal tan phoe ka ma nal par lar
🙂

commentinfo By: kaungthantwinn at May 26, 2011
Comment #3

ကဗျာလေးအရမ်းမိုက်တယ်……
အရမ်းလည်းအားကျတယ်ဗျာ………..။အားပေးနေပါတယ်……

commentinfo By: terry at May 26, 2011
Comment #4

ကျေးဇူး ကို terry နဲ့ Sandy …ကဗျာလေးကို အားပေးတဲ့အတွက်

“နင်ရှုံးခဲ့ရင်…….
ဒီတစ်သတ် ငါ့ရဲ့ဘေးမှာ နေပေးကြေး…..။ ။”
ဆိုတဲ့ တန်ဖိုးက အရမ်းမများပါဘူး….
ဒီလောက်ချစ်ထားတာ ဒီလောက်တော့ ပြန်ရသင့်တာပေါ့….။ ။

commentinfo By: ကေသရီ at May 26, 2011
Comment #5

အရမ်းကောင်းပါတယ်…ကေ
သေချာတယ် နင့် ယုံကြည်ချက်ပဲနိုင်မှာပါ….။
တစ်သတ်စာနေပေးကြေး ပေါ့နော်…။ ။

commentinfo By: minmyat at May 26, 2011
Comment #6

မကေ….မနေချင်ပါဘူး…..ဗျာ
ဟဲဟဲ…

commentinfo By: poem.jinx28 at May 26, 2011
Comment #7

ကေသရီ …
ကဗျာလေးက အဖွဲ့အနွဲ့ ရော အတွေးလေးတွေရော…
သိပ်ကောင်းပါတယ်…ကဗျာကာင်းတပုဒ် လို့ လက်ခံ့ပါတယ်..

commentinfo By: မိုးဝေ at May 26, 2011
Comment #8

တကယ်နေပေးရမှာလား…?
တော်ပြီ ခုကတည်းက အရှုံးပေးတော့မယ်……
အရှုံးပေးတယ် အရှုံးပေးတယ်….လုံးဝ အရှုံးပေးတယ်….:P

commentinfo By: Ku Kuu at May 27, 2011
Comment #9

ရပါတယ်….မပေးပါနဲ့ ကူကူးရယ်…..
နေပါစေ
နင် comment ပေးရင် ကောင်းကောင်းမွန်မွန်ပေးစမ်းပါ….။ ။

commentinfo By: ကေသရီ at May 27, 2011
Comment #10

အရမ်းကို ကောင်းပါတယ်

commentinfo By: ခင်ဘုန်းနေ at May 27, 2011
Comment #11

ကဲ……မှတ်ကေ၇ာ
ဒေါ်ကေသ၇ီ…ဟားးးးးးး

commentinfo By: poem.jinx28 at May 27, 2011
Comment #12

အရှုံးပေးတဲ့လူတွေ များနေပါလား မကေသရီ 😛

commentinfo By: Gipsy Lay at May 30, 2011
Comment #13

K i add u facebook
Your facebook name is Kaythari Myo Naung ,Right?
Pls accept me.
I like all of your poems.
I understand your feeling.

commentinfo By: Your shelter at Jun 8, 2011
Comment #14

နင်ရှုံးခဲ့ရင်…….
ဒီတစ်သတ် ငါ့ရဲ့ဘေးမှာ နေပေးကြေး…..။ ။ like

commentinfo By: Ei Ei Aung at Jun 26, 2011
Comment #15

နင်က….
ဒေသရဲ့ အနေအထားကြောင့်
အချိန်တွေကြာတော့လည်း
“အသစ်တွဲလိမ့်” လို့ ယုံကြည်တယ်…..။
ငါက….
ဒီလူ ဒီရင်ခွင်ကလွဲ
တခြားတခြားတွေ
အာရုံထဲအရောက်မခံ
“ငါတို့ ဆုံကို ဆုံရမယ်” လို့ ယုံကြည်တယ်….။

နင်က….
ရင်ခွင်မှာ မနာကျဉ်ဘဲ
အလွမ်းတွေနဲ့
“မေ့သွားမှာပါ“လို့ ယုံကြည်တယ်…..။
ငါက….
အကြင်နာတွေ ပီသနေဆဲမို့
အထင်ကရရှိနေဆဲ သံယောဇဉ်အား
ထပ်မံဖြည့်လောင်း
နင့်ကို ငါ့နှလုံးသားထဲက “မေ့ဖျောက်မသွားဖို့ “ ယုံကြည်တယ်…။

နင်က….
ရာသီခွင်တွေကို ထောက်ပြပြီး
နူးညံခြင်းတွေ ပြတ်သား
“ပြန်ဆုံချိန်က ရောက်မလာလောက်တော့ဘူး”လို့ ယုံကြည်တယ်….။
ငါက…..
ပြက္ခဒိန်တွေ ရေတွက်ပြီးရွှင်ပြ
အချစ်စစ်ရဲ့ အခက်အခဲတွေ လုံလောက်စေဖို့
“အခိုက်အတန့်တွေ ကျော်ဖြတ်နေရတယ်”လို့ ယုံကြည်တယ်…။

နင်က…..
သစ္စာအကြောင်း လှောင်ပြောင်ပြောတယ်
တသီးတခြား ဝေးကွာခြင်းအား
“ငါ့တို့ကြား ထိုးဖောက်ထားနိုင်တယ်”လို့ ယုံကြည်တယ်…။
ငါက…..
မေတ္တာစစ်မို့ အတည်ပြု
အသေးအမွှား ကာလတွေအား
နောက်ကျောမှာထားပြီး
“ငါ့အချစ်ကြောင့် အမြဲတမ်းနီးနေမယ်”လို့ ယုံကြည်တယ်…။

ဒီလိုတွေနဲ့ပဲ……
ထင်မြင်ချက်တွေ ပွေ့ပိုက်
ဘယ်သူ့ယုံကြည်ချက် အနိုင်ရမယ်
အဆုံးအဖြတ်မသိခင်လေး….
ဘယ်တော့မှလည်း နင် စ မနှုတ်ဆက်နဲ့
ယုံကြည်ခြင်းပွဲလေးထဲ
ငါတို့ အတူဆင်နွှဲကြမယ်…..
နင်ရှုံးခဲ့ရင်…….
ဒီတစ်သတ် ငါ့ရဲ့ဘေးမှာ နေပေးကြေး…..။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #16

ok
why not?
if u lose,u must marry me.
he,,he,,

commentinfo By: ei lay at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment