Professional Authors

ချစ်သူခြေမွှခဲ့တဲ့ အတိတ်

ချစ်သူ..လက်နဲ့ ခြေမွှခဲ့တဲ့ မနေ့ ကပေါ့
မျက်ရည် တချို့ နဲ့ အိပ်စက်မှုတွေ ပျောက်ဆုံးခဲ့တယ်

အရာရာ နားလည်ပေးနိုင်ပေမယ့်
နင့်ဘေးမှာ အရိပ်ကလေး ငါပဲဖြစ်ချင်ခဲ့တာ

ဒီအရိပ် ဒီစိတ်လေးနဲ့  ငါချစ်နေမိတုန်းပဲ

ငါနာကျင်နေမှာကို နင်မမြင်တဲ့အခါ
ဒဏ်ရာကကော သွေးတွေတိတ်မှာတဲ့လားချစ်သူ
နင်ပျော်နေတာ ငါကြည့်မိတော့
ငါ့ရင်ထဲမှာ အောင့်အောင့်လာတယ်

ငါ့ညတွေ အိပ်ပျော်သွားရင်
နင့်အကြောင်းတွေအိပ်မက်မက်တတ်တယ်
နင်ကကော ချစ်သူ………………
နတ်အဖြစ်နဲ့ ပူဇော်ပသ ခံရမယ်ဆိုလဲ နင့်အချစ်ကို အငွေ့ လေးဖြစ်ဖြစ် ခဏတာပိုင်ဆိုင်ချင်နေတယ်
ငါရူးနေတာပဲ ဖြစ်မှာပါ….ချစ်သူ…..ရယ်…။

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment