Professional Authors

ချစ်သူပြောတဲ့ ..အပျော်ခရီး (Kitty Yang)

ချစ်ခြင်းအစ မုန်းခြင်း ကတဲ့
လူတွေကပြောကြတယ်
ချစ်သူ….
နင်နဲ့ငါမုန်းခဲ့တာမှန်ပေမယ့်
သူများတွေပြောသလို
ငါတို့တွေချစ်သူတွေဖြစ်မလာဘူး။

အနိုင်တွေကိုပြုံးပြုံးလူလူ
နင်သိမ်းပိုက်သွားတယ်
အရှုံးရလိုက်ပေမယ့်
ငါပျော်နေတယ်
ချိုသာလွန်းတဲ့မင်းအပြုံး
ငါမြင်ခွင့်ရလိုက်တယ်။

မနက်ဖြန်ဆို
သူများရင်ခွင်မှာပျော်မြူးဖို့
နင်အပျော်ခရီးထွက်တော့မယ်
စကားတွေကရင့်မာစွာ
နင့်ကိုနှုတ်ဆက်နေလည်း
အသည်းထဲက
သွေးစတွေကို.. နင်မြင်ရဲ့လား။

ပြန်မလာလည်းအေးတာပဲလို့
နှုတ်ကဆိုနေပဲမယ့်
သိမ်ငယ်နေတဲ့မျက်လုံးတွေကို
နင်ကြည့်တတ်ရင် သိလိမ့်မယ်။

တစ်ခြားသူရင်ခွင်မှာပျော်မယ် ဆိုလည်း
ဖြစ်ပါတယ်…
ဒါပေမယ့် ချစ်သူ
မင်းစကား အတိုင်းတော့
ဆက်ဆက်ပြန်လာပါ..
အလွမ်းတွေကို
ဒီရင်ခွင်တစ်စုံမှာထားဖို့
နေရာမရှိတော့ဘူး။

9th Nov 2007

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

heart hti tal

commentinfo By: angel at Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment