Professional Authors

ငါရဲ့ ချစ်ခြင်း !!!!

ကျောခိုင်းယုံလေးနဲ့
အချစ် ၁ ခုကပြီးဆုံးခဲ့မယ်ဆို
နင့်အပေါ်ထားတဲ့ ငါ့ချစ်ခြင်းက
အပေါစားမဆန်ခဲ့ဘူး ချစ်သူ။

နင့်အကြောင်းတွေသိနေပြီး
စွန့်ခွာသွား ကြေးဆို
ငါတို့ အစကတည်းက လမ်းဆုံးခဲ့ကြပြီ ချစ်သူ။

ချစ်ခဲ့ကြပြီးတော့မှ
အမုန်းမပါဘဲ လမ်းခွဲကြေးဆို
နေပါစေတော့… ငါ့ချစ်ခြင်းမှာ လမ်းခွဲကြေးပြယုဂ် မရှိခဲ့ဘူး ချစ်သူ။

အတူနေရမှ ချစ်ခွင့်ရတာမဟုတ်ပါဘူး…
ချစ်နေသေးသရွေ့ ချစ်ခွင့်ရနေတာပဲ မဟုတ်လား ချစ်သူ။

အချို့ကပြောတယ်
လွမ်းတာကို နာတာနဲ့ဖြေတဲ့…
ငါ့ချစ်ခြင်းက သမားရိုးကျမဆန်ခဲ့ဘူး ချစ်သူ။

ငါဆိုတာက သွေးအေးအေးနဲ့ ချစ်တတ်သူပါ။

(၈-၉-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Sep 8, 2010
Comment #1

အချို့ကပြောတယ်
လွမ်းတာကို နာတာနဲ့ဖြေတဲ့…
ငါ့ချစ်ခြင်းက သမားရိုးကျမဆန်ခဲ့ဘူး ချစ်သူ။

ငါဆိုတာက သွေးအေးအေးနဲ့ ချစ်တတ်သူပါ။
……………..
ကောင်းလိုက်တာ

commentinfo By: အသဲကွဲမိုး at Oct 16, 2010
Comment #2

ဟုတ်ကဲ့ပါ…အသဲကွဲမိုး။ အဲ့ဒီအပိုဒ်က တကယ့်အဖြစ်အပျက်နဲ့ ခံစားချက်ကိုေ၇းထားတာပါ။

commentinfo By: pannei at Oct 16, 2010
Comment #3

အရမ်းကိုကောင်းတယ်ဗျာ …. တကယ်ကို အရမ်းကောင်းတယ်ဗျာ…..

commentinfo By: tharthar at Oct 20, 2010
Comment #4

ကျေးဇူး..tharthar

commentinfo By: pannei at Oct 26, 2010
Comment #5

လွမ်းတာကို နာတာနဲ့ဖြေတဲ့…
ငါ့ချစ်ခြင်းက သမားရိုးကျမဆန်ခဲ့ဘူး ချစ်သူ။
မိုက်တယ်ဗျာ…….။

commentinfo By: terry at Oct 26, 2010
Comment #6

အရမ်းအရမ်းကိုကောင်းပါတယ်ဗျာ….
သွေးအေးအေးနဲ့ချစ်တတ်သူ….. ဆိုတာ အရမ်းကြိုက်တယ်…..။

commentinfo By: Moe Sat Oo at Oct 26, 2010
Comment #7

@ both terry & Moe Sat. ဟုတ်..ကျေးဇူးပါ..

commentinfo By: pannei at Oct 27, 2010
Comment #8

ကဗျာလေးကတော်တော်ကောင်းပါတယ်

commentinfo By: ကျော်ကျော် at Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment