Professional Authors

ဒီရက်တွေ…

ဒီရက်တွေ….
အရမ်းကို အလုပ်များနေတာ….
ဘာတွေမှန်းကိုမသိဘူး….

ငါ့ ထမင်းချိုင့်လေး အရာမယွင်းပဲအိမ်ပြန်ပြန်ပါနေတာ….ဘယ်နှရက်ရှိပြီလဲမသိဘူး
တစ်ခါတစ်ခါ….ထမင်းစားဖို့တောင်မေ့နေတတ်တယ်….
ဒါပေမယ့်…..နင့်အကြောင်းတွေတွေးဖို့တော့…..ငါဘာလို့ဘယ်တော့မှမေ့လို့မရတာလဲ….

ဟိုတစ်ရက်က…
မနက်ကျောင်းသွားဖို့ပြင်တာ….မျက်နှာကိုအလှတွေပြင်ပြီး မျက်ခုံးမွေးကိုတစ်ဖက်ထဲဆွဲလိုက်မိတယ်…
ကျောင်းရောက်မှ သူငယ်ချင်းတွေပြောလို့သိရတယ်….
ငါလဲ စိတ်နဲ့ လူနဲ့မကပ်ဘူးထင်ပါရဲ့….
ဒါပေမယ့် နင်နဲ့ပတ်သက်ရင်တော့…..ငါအမြဲသတိရှိနေတတ်တာဘာကြောင့်လဲ…
ငါ ပိုနာကျင်စေမယ့်အကြောင်းတွေပေါ့….

မအားတဲ့ကြားထဲက…..နင့်ကိုသတိရနေမိတယ်….
စိတ်ညစ်နေရင်လဲ….နင့်အကြောင်းတွေးပြီးပျော်နေတတ်တယ်….
အလုပ်တွေရှုပ်နေပေမယ့်…..လာမှာမဟုတ်တဲ့နင့်ဖုန်းကိုမျှော်နေမိတယ်….
တစ်ခါတစ်ခါလဲ….မအားတဲ့ကြားက….နင်ကျောင်းရှေ့ရောက်လာမလားမျှော်မိပြန်တယ်….

ငါနင့်အကြောင်းတွေမတွေးချင်တော့ဘူး….
နင့်ကြောင့်လဲမနာကျင်ချင်တော့ဘူး….
အလုပ်တွေရှုပ်နေချင်တယ်….
ဒါဆို နင့်အကြောင်းတွေးချိန်တွေနည်းနည်းလျော့သွားမလားပေါ့…..
နင့်ကြောင့် နာကျင်ရတာတွေ နည်းနည်းသက်သာမလားပေါ့….

ဒါပေမယ့်….ဘယ်လောက်အလုပ်များများ….
ထမင်းစားဖို့ မေ့ရင်မေ့မယ်….နင့်အကြောင်းတွေမေ့မသွားဘူး…..
နောက်ဖေးက ဟင်းအိုးတူးနံ့ကို သတိမထားမိပဲနေရင်နေမယ်….
လူကြားထဲဖြတ်လျှောက်သွားတုန်း….နင်သုံးတတ်တဲ့ရေမွှေးနံ့ရရင်….ငါသတိထားမိနေတတ်တုန်း….
ကျောင်းကပေးတဲ့ အိမ်စာတွေ လုပ်ဖို့ မေ့ရင်မေ့သွားမယ်….
နင့်အကြောင်း…ကဗျာဖြစ်ဖြစ် စာဖြစ်ဖြစ်တော့ ပုံမှန်ရေးဖြစ်နေတုန်း….

ဒီရက်တွေ….
ငါအရမ်းအလုပ်များနေတယ်….
ပုံမှန်မဟုတ်တဲ့အပြုအမူတွေလုပ်နေမိတဲ့အထိပေါ့….
ဒါပေမယ့်…နင်နဲ့ပတ်သတ်တဲ့ခံစားချက်နဲ့….အပြုအမူတွေအားလုံးကတော့….
ပုံမှန်ပါပဲ……

In: ကဗျာ Posted By: Date: Jul 21, 2009
Comment #1

နောက်ဖေးက ဟင်းအိုးတူးနံ့ကို သတိမထားမိပဲနေရင်နေမယ်….
လူကြားထဲဖြတ်လျှောက်သွားတုန်း….နင်သုံးတတ်တဲ့ရေမွှေးနံ့ရရင်….ငါသတိထားမိနေတတ်တုန်း….

ကြိုက်တယ် အဲဒီ့စာကြောင်း

commentinfo By: thettwe at Jul 21, 2009
Comment #2

ကောင်းလိုက်တာနော် စာကြောင်းလေးကို ခိုက်သွားပြီ

commentinfo By: thuthu at Jul 22, 2009
Comment #3

အော်ကဗျာတွေဖတ်ရင်းနဲ့သနားတောင်သနားလာပြီ

commentinfo By: ဇော်ဝင်းထိုက် at Sep 2, 2010
Comment #4

တကယ်ဖြစ်တတ်လားပာင်

commentinfo By: laypyaywin at Sep 4, 2010
Comment #5

Ei Moh ရေ နင်နဲ့ ကွက်တိပါလားဟ

commentinfo By: pyaephyoo at Oct 18, 2010
Comment #6

ဒီရက်တွေ….
ငါအရမ်းအလုပ်များနေတယ်….
ပုံမှန်မဟုတ်တဲ့အပြုအမူတွေလုပ်နေမိတဲ့အထိပေါ့….
ဒါပေမယ့်…နင်နဲ့ပတ်သတ်တဲ့ခံစားချက်နဲ့….အပြုအမူတွေအားလုံးကတော့….
ပုံမှန်ပါပဲ…… ကောင်းလိုက်တဲ့ စာသားတွေ

commentinfo By: sharon myorr myor at Sep 27, 2011
Comment #7

ဟီးဟီး
ဟုတ်ပါပေ့မှန်ပါပေ့

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment