Professional Authors

စာ တည် ( sar T )

အူတက်အောင်ရယ်ရသောဟာသများ သတင်းစာ ခင်ဗျားဖတ်ကြည့်လိုက်ပါ

ငြိမ်းချမ်းရေးဟာ ကြွတ်ကြွတ်အိတ်ကြီးလွယ်ထားတဲ့ဆိုတဲ့အကြောင်း

ခေါင်းပေါင်းကြီးစောင်း သမာဓိချိန်ခွင်ထမ်း မုသားတွေ နဲ့
ချိန်ထိုးရောင်းချနေတဲ့ အမှန်တရားများဟာ ပေါချောင်ကောင်းးး လာပြီဆိုတဲ့အကြောင်း

သမားတော် အိုနေပေမယ့် ပညာ စိုနေသေးလို့ 
စက္ကူတွေ အများကြီး လိုနေသေးတယ်ဆိုတဲ့အကြောင်း

ရပ်ကွက်တွေမှာ ဓာတ်တိုင်တွေ မလိုတော့ဘူး ဆိုတဲ့အကြောင်း

ပြေးလမ်းတချို့ ဟာအဲလောက်လောက် ပေမျှ
ကျယ်ဝန်းပြန့်ပြူး၍ ဖြန့်ခင်း စရိတ် က အမြတ်မပါဘူးဆိုတဲ့အကြောင်း

သက်ရှိ ထိမ်းချုပ် နိုင်တဲ့ ရီမုတ်ကွန်ထရိုး စစ်စတမ် ကို
မြန်မာနိုင်ငံက ပထမဆုံးတီထွင်လိုက်ပြီဆိုတဲ့အကြောင်း

ဥစ္စာမခမ်းဆေး ဖော် စပ် နေ ပြီ ဆိုတဲ့အကြောင်း…

အကြောင်းးအကြောင်းး ဟုတ်ကဲ့

ခပ်တည်တည်ရေးထားတာများ ကမ္ဘာ လူတည်ကြည်အဖွဲ့ကတောင် အကယ်ဒမီ ရဖို့ မှန်းထားတယ်ဆိုပဲ။

ရုပ်လုံးကြွသရုပ်ဖော် လှပချက်က ကြည့်လိုက်ဦးမလား???

ခြံပြင်က ကျားလည်း သက်ရှည် ခြံတွင်းကကျားလည်း သက်ရှည်ဖို့ 
လက်သည်းခွံ အရည်ခွာ အာမခံထားပေးလိုက်ပုံက တသွယ်

နည်းစနစ်တွေ ခေတ်မှီစေဖို့  လိုက်ရှာနေပုံများ ဓာတ်မီးတွေရှားသထက်ရှားလာပုံ က တဖွယ်

ပြုလိုက်ပြင်လိုက်နဲ့ စားခွက်ဟောင်းတွေကိုဖာထေး ပုန်းအကြီးကြီးချိတ်ဆွဲလာကြပုံက တမျိုး

ဒီလိုနဲ့ အင်အားသုံး ကြိုးပမ်းကြတာများ

တစ်နှစ်သား လက်ဖ၀ါးက
အက်ဒီဆင် ထက်ပဲ ကြီးနေသလိုလို
ချားလ်ဒစ်ကင်းစ် လောက်ကတော့ နားထားဆိုသလိုလို
ဟစ်တလာကြားရင် ဖျားသွားမလိုလို
ဒီလိုလို ဟိုလိုလို တွေကြား…

ကြောင်တောင်တောင်တွေ များလာလိုက်တာ
အမွေးရှည် အလှမွေး ကြောင် များ တောင်ပေါ်မသွားရဆိုတဲ့

အမိန့်ဆန်းလေးက သက်သေသာဓက

လူလုံးပြစရာမလိုပဲ ခလုပ်လေးတွေနဲ့ အသက်နှုတ်ယူပလိုက်နိုင်တဲ့
လူ့ခူရားတွေကို တနေ့ဆယ်ခါ ရှိခိုးနေကြဖို့  ဆွယ်တရားတွေ အကြောင်းလည်း 
ခင်ဗျား သိရဦးမှာကိုယ့်ဆရာ။

 

နှစ်ရှည် ခန္ဓာ ဌားရမ်း ခြင်း ၊
ဦးနှောက် အရှင် လတ်လတ် ရောင်းချပေးနေခြင်း ၊ 
မီးဝေးချိတ်တွေများမလာဖို့  အစည်းအဝေးအကြီးကြီးတွေ လက်ကီလက်ကားဖြန့်ဖြူးနေခြင်း ၊
လက်မှတ် များ  အလိုရှိသလို ရေးလောင်းပေါင်းသင်းနိုင်ခြင်း ၊
သစ်ပင်မလိုပဲ အရိပ်ထွားစေရန် ဖော်လှန်ဖား
ကိုယ်ခံအားကောင်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားခြင်း ၊
ခိုး လက် ကောင်း များကို ဂုဏ်ယူဝမ်းမြောက်ကြောင်း
သ၀ဏ်လွှာ ပေးနိုင်ပြီဖြစ်သော မဂ္ဂဇင်းများ ဈေးနှုန်း အီဝေ စွာ ထုတ်ဝေပေး နေခြင်း၊
စသဖြင့် စသဖြင့် သော် ကြော်ငြာ ကောင်းတွေ တသီကြီးနဲ့
အောင်လက်မှတ်တွေ လည်း ခင်ဗျား မြင်ရဦးမှာဗျ။


  ဟော … နောက်ဆုံး စာရွက်ကလေးကလည်း မခေဘူးဗျ ကိုယ့်ဆရာ

ပျောက်သွားတဲ့သူ မရှာပဲ အရိပ်တွေ့ရပြီ ဆိုတဲ့ – ရှင်သန်ရေးတွေ

မငိုပဲ ၀မ်းနည်းနေရပါတယ် ဆိုတဲ့ ကုမ္ပဏီမျက်ရည်တွေ

အမြီး ဘယ်လောက် ဘယ်လောက် ဟာ
ဘယ်ချိန် ဘယ်ချိန်မှာ ပြတ်တောက်သွားပြီ ဆိုတဲ့ bold တင် အက္ခရာတွေ

အားနာသမှုနဲ့ စက္ကူတွေ ၀ါးစားထားတဲ့ အမည်နာမ
ဂုဏ်ပုဒ်ထပ်နေသော – လွတ်မြောက်သူစာရင်းတွေ

အမှိုက်တွေ ပေါင်းပြီး မြို့တည်နေကြောင်း သက်သက်လွတ်စား
ကြောင်ဖားကြီးတွေရဲ့ အိပ်မက်အလကားပေးမယ့် ဖုန်းနံပါတ်တွေနဲ့
ခင်ဗျား အာရုံကို ရှုပ်ယှက်ခတ်သွားအောင် ဖမ်းစားပလိုက်ဦးမှာ

မုချမလွဲ လူကြိုက်များလွန်းနေတဲ့ စာစောင်

 

ဒီခေတ်ကြီးထဲမှာ ဒီသတင်းစာလို
အဖြူအမည်းမခွဲခြားပဲ မုသား တွေ ပိုက်
အရောက်ပို့ စနစ်နဲ့ လိုက်လံ ဆေးထိုးနေတဲ့
စကားလုံးတွေ သိပ် ရှားနေလွန်းတာမို့ 


၀၁ -+ကလိမ်ကကျစ် ဌာန သို့  ဆက်သွယ် မှာယူလိုက် စမ်းပါ
လက်နှေးရင် ခင်ဗျား ဗိုက်ဟောင်းလောင်းနဲ့ ခေတ်ပျက်ထဲမှာ ကျန်ခဲ့မှာ ဗျို့။

ကို သိန်း , အသဲကွဲ မိုး

In: ကဗျာ Posted By: Date: Jun 10, 2013
Comment #1

နှစ်ရှည် ခန္ဓာ ဌားရမ်း ခြင်း ၊
ဦးနှောက် အရှင် လတ်လတ် ရောင်းချပေးနေခြင်း ၊
မီးဝေးချိတ်တွေများမလာဖို့  အစည်းအဝေးအကြီးကြီးတွေ လက်ကီလက်ကားဖြန့်ဖြူးနေခြင်း ၊
လက်မှတ် များ အလိုရှိသလို ရေးလောင်းပေါင်းသင်းနိုင်ခြင်း ၊
သစ်ပင်မလိုပဲ အရိပ်ထွားစေရန် ဖော်လှန်ဖား
ကိုယ်ခံအားကောင်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားခြင်း ၊
ခိုး လက် ကောင်း များကို ဂုဏ်ယူဝမ်းမြောက်ကြောင်း
သ၀ဏ်လွှာ ပေးနိုင်ပြီဖြစ်သော မဂ္ဂဇင်းများ ဈေးနှုန်း အီဝေ စွာ ထုတ်ဝေပေး နေခြင်း၊
စသဖြင့် စသဖြင့် သော် ကြော်ငြာ ကောင်းတွေ တသီကြီးနဲ့
အောင်လက်မှတ်တွေ လည်း ခင်ဗျား မြင်ရဦးမှာဗျ။

သိပ်မြင်တယ် မိုးရေ
🙂
ရယ်နေရပီ ဂယ်ပဲ

commentinfo By: ကေသရီ at Jun 10, 2013
Comment #2

အသေကြီးကို လန်းတယ်..ဖလန်းဖလန်းပဲ

မိုက်ပုံက ဒေါ်ဂရီကြည်တယ် ။ မန့်တောင်မန့်တတ်တော့ဘူး 🙁

commentinfo By: 13th at Jun 10, 2013
Comment #3

🙂

commentinfo By: ei lay at Jun 11, 2013
Comment #4

စကားလုံးတွေက လိုက်လို့တောင်မမှီနိုင်တော့ဘူး 🙂
အားပေးသွားပါတယ်နော်

commentinfo By: နွေ at Jun 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment