Professional Authors

ခင်ဗျား..အတွက်..နောက်ဆုံး….မုသား

ပြောနေကြ..အသုံးပဲသုံးလိုက်တယ်
ခင်ဗျားကို..ကျုပ်..ချစ်တယ်
ခဏခဏ..မပြောပြခဲ့မိတာ..အတွက်
တောင်း….ပန်….ပါ…..တယ်ဗျာ။

……..
ထပ်မနှောင့်ယှက်နဲ့တော့..တဲ့
ခင်ဗျား..ပြောထွက်ခဲ့
ပုံမှန်ထက်နည်းနည်း…
ခံရခက်တယ်……အဲစကားလေး
ဒါပေမယ့်
….ကျုပ်…ကျေ….နပ်….ပါတယ်။

တချိန်..တခါ..က
အကြိမ်..တရာမက..လွမ်းခဲ့ရလို့
တသံသရာစာ…အတိုးချ…..
ကျုပ်……….
ခင်ဗျားကို…..လွမ်းဆွတ်…သတိရမယ်

အချိန်…တခုမှာ..
ရင်ခွင်..အပိုင်းပိုင်းကြေအောင်..ချစ်တယ်
ဆိုတဲ့..စကားအတွက်
နောက်..နောင်…ဆိုတဲ့စကား
ခင်ဗျား…တယောက်အတွက်နဲ့ပဲ
ကျုပ်…အရှုံးအမြတ်..မတွက်
အ…ဆုံး….သတ်………..မယ့်..သူ။

ပစ္စုပ္ပန်..အနာဂတ်
အတိတ်က…ခင်ဗျားပဲ အပိုင်သိမ်းသွားခဲ့

မောင် လည်း…ခင်ဗျား
ကိုကို လည်း..ခင်ဗျား.
နင် လည်း…..ခင်ဗျားပါပဲ..ဗျာ…
မြင်သာ..ထင်သာ..မရှိခဲ့တာအတွက်…
မုန်း….ပြစ်….လိုက်..ပါ။

နှလုံးသားတခုလုံး….
ကြွေကျ..မြေခသွားရင်တောင်
ခင်ဗျား….ဆိုတာကတော့..
….ကျ..ကြွေ..မှာ..မဟုတ်…..
ကျုပ်ရင်ခွင်..အသည်းညှာမှာ
အမြဲနေရာ..ယူထားတဲ့သူ…..ခင်ဗျား..ဟာ..ကျုပ်ရဲ့..အမြစ်ဖြစ်တယ်။

နောက်ဆုံး…အဖြစ်..နဲ့
…..နောက်..ဆုံး..အကြိမ်….
ဝန်ခံခဲ့တယ်
……
ခင်ဗျားကိုကျုပ်..သိပ်ချစ်ပါတယ်။

ကဲ..ဗျာ
ဘာပဲဖြစ်ဖြစ်..ပြီးခဲ့တာတွေ..ပြီးသွားပြီပေါ့
…….
ကျုပ်..ပြော..ခဲ့သမျှ….ရွှီး/ဖြီး….ခဲ့တာပဲဖြစ်စေတော့
ခင်ဗျား..ရင်ဘတ်ထဲက..
အမုန်းတွေ..ကျုပ် အကုန် စု..သိမ်း..သွား..တယ်
နောက်..ဆို….ကျုပ်…ကို…ကင်းကင်းရှောင်ပေါ့။

ဒီနေ့နဲ့..မနက်ဖြန်တိုင်း
ကျုပ်လို..မြူမှိုင်း..တွေ…ကင်းရှင်းလို့
အလင်းနှစ်တွေ….ထဲ..လက်ဆန့်ကူး…
သက်တန့်ဦး..မှာ…အပြုံးတွေ…ဝေ
လျှောက်လှမ်းသော..ခြေလှမ်းတိုင်း….
အောင်နိုင်ခြင်းတံခွန်များစွာ…စိုက်..
…………………………………….
ဖော်ကွာကင်း..ဝေဒနာ နှင့်……ကင်း….ဝေးပါစေ..ဗျာ။   ။

ဒါနဲ့
ကျုပ်
       ခင်ဗျား…ကိုတော့..သေလောက်အောင်ချစ်တယ်။

။ရသလောက်….ထပ်…လိမ်..သွားတယ်….ယုံစား…ရန်…မလိုပါ။

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

မကြီးမိုးတို့ ကတော့…ရေးတိုင်းမိုက်တယ်..ဟ

ရသလောက်….ထပ်…လိမ်..သွားတယ်….ယုံစား…ရန်…မလိုပါ။

အဲ့စာသားအကြိုက်ဆုံးပဲ…..

commentinfo By: terry at Aug 19, 2011
Comment #2

ကြိုက်တယ်။

commentinfo By: khayay at Aug 19, 2011
Comment #3

ကျုပ်
ခင်ဗျား…ကိုတော့..သေလောက်အောင်ချစ်တယ်။

။ရသလောက်….ထပ်…လိမ်..သွားတယ်….ယုံစား…ရန်…မလိုပါ။

စားသားတွေက ရေလည်မိုက်တယ်။

commentinfo By: raindrops at Aug 19, 2011
Comment #4

နှလုံးသားတခုလုံး….
ကြွေကျ..မြေခသွားရင်တောင်
ခင်ဗျား….ဆိုတာကတော့..
….ကျ..ကြွေ..မှာ..မဟုတ်…..
ကျုပ်ရင်ခွင်..အသည်းညှာမှာ
အမြဲနေရာ..ယူထားတဲ့သူ…..ခင်ဗျား..ဟာ..ကျုပ်ရဲ့..အမြစ်ဖြစ်တယ်။

commentinfo By: လွမ်းနောင် at Aug 19, 2011
Comment #5

ကျေးဇူးတင်တယ်ဗျာ
ဖြစ်နိုင်ရင်..မုန့်..လည်းဝယ်ကျွေးချင်တယ်…တကယ်….
ကျေးဇူးပါဗျို့….ဘဘကြီး terry ရော ညီမလေး ခရေ..နှင့် raindrops … :’D

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #6

ကိုလွမ်းနောင်..ကိုလည်းကျေးဇူး…များကြီးများကြီးတင်တယ်နော်…

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #7

ဒီနေ့နဲ့..မနက်ဖြန်တိုင်း
ကျုပ်လို..မြူမှိုင်း..တွေ…ကင်းရှင်းလို့
အလင်းနှစ်တွေ….ထဲ..လက်ဆန့်ကူး…
သက်တန့်ဦး..မှာ…အပြုံးတွေ…ဝေ
လျှောက်လှမ်းသော..ခြေလှမ်းတိုင်း….
အောင်နိုင်ခြင်းတံခွန်များစွာ…စိုက်..
…………………………………….
ဖော်ကွာကင်း..ဝေဒနာ နှင့်……ကင်း….ဝေးပါစေ..ဗျာ။ ။

commentinfo By: May Kha at Aug 19, 2011
Comment #8

ဟဟဟဟ မိုက်တယ်…

ယုံတဲ့သူတော့ သေပြီ

အားပေးလျက်
မေသူ

commentinfo By: MayThu at Aug 19, 2011
Comment #9

တချိန်..တခါ..က
အကြိမ်..တရာမက..လွမ်းခဲ့ရလို့
တသံသရာစာ…အတိုးချ…..
ကျုပ်……….
ခင်ဗျားကို…..လွမ်းဆွတ်…သတိရမယ် ..ကြိုက်တယ်။။။။

commentinfo By: chityellusoelay at Aug 19, 2011
Comment #10

ဒါနဲ့
ကျုပ်
ခင်ဗျား…ကိုတော့..သေလောက်အောင်ချစ်တယ်။
။ရသလောက်…ထပ်…လိမ်…သွားတယ်..ယုံစား…ရန်..မလိုပါ ။ တကယ်မလွယ်တဲ့စာသားတွေဘဲ ရင်ကိုတည့်တည့်လာမှန်တယ်ဗျာ ကဗျာကောင်းတစ်ပုဒ်ပါ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 19, 2011
Comment #11

မောင် လည်း…ခင်ဗျား
ကိုကို လည်း..ခင်ဗျား.…
နင် လည်း…..ခင်ဗျားပါပဲ..ဗျာ…
မမိုး….မောင်လေးကိုပြောတာလားးးးးး?
အားပေးသွားတယ်goodတယ်ဗျာ..

commentinfo By: poem.poem28 at Aug 19, 2011
Comment #12

ကြိုက်တယ်ဗျာ …

commentinfo By: Than Yaw Zin at Aug 21, 2011
Comment #13

really really really really excellent.

ko poem.poem 28b naw,
hint,,,
d hmar thu myar tway ka full feeling ne khan sar nay kya tar,
lar ma nout ne kwar.
lu g tway busy nay de.ka lay tway par bu.
he,,he,,

ma moe,be dot moke we kway hmar le.
khawv par naw.
like chin loh.
he,,he,,

commentinfo By: ei lay at Aug 21, 2011
Comment #14

ခေါ်မှာပေါ့..အားလုံးတူတူမုန့်သွားစားချင်တာပေါ့

commentinfo By: အသဲကွဲမိုး at Aug 22, 2011
Comment #15

အားနာပေမယ့်
ပေါ်တင်ပဲပြောတော့မယ်
ကောင်းပါတယ်
ဒါပေမယ့် ကောင်းပါတယ်
ဒါပေမယ့်………..၊

commentinfo By: G.T13 at Aug 24, 2011
Comment #16

ဒေါ်ဂျီးဆီ တခုတ်တရလာလည်တယ်
ကျွန်တော်ဒီကို လာဖြစ်တော့မယ်မထင်ဘူး
ခင်ဗျားကိုတော့ ever သတိရနေပါတယ်ဗျာ
ယုံချင်ယုံ မယုံချင်နေ
ရသလောက် ကျွန်တော်လည်း လိမ်ကြည့်တာ:)
နောက်တာနော်
တစ်ကယ်မှတ်မှတ်ရရရှိနေတာပါဗျာ
ကျွန်တော့်လို လူမုန်းများတဲ့လူကိုလည်း
ခင်ဗျားက အားပေးခဲ့တာလေ ကျေးဇူးတင်တယ်
ခင်ဗျားအတွက် ကဗျာတောင်ရေးဖြစ်သေးတယ်
မှတ်ချက်။ ။ခင်ဗျားလိုတော့ အခြားကဗျာမောင်နှမတွေကို
တစ်ခါတရံသတိရသလိုတော့ မဟုတ်ဘူး ကျွန်တော်ကနဲနဲပိုတယ်
ဒီမှာ ကျွန်တော် ခင်တာဆိုလို့ ခင်ဗျားပဲရှိတာကိုး။
ဒါပဲ ဒေါ်ဂျီး။

commentinfo By: ဦးဂျီး at Aug 29, 2011
Comment #17

အရမ်းမိုက်တယ်ဗျာ …….

commentinfo By: sann minn at Oct 19, 2011
Comment #18

လေးစားပါတယ်

commentinfo By: ချစ်မိုးဦး at Nov 24, 2011
Comment #19

Like it.

commentinfo By: Broke. at Dec 4, 2011
Comment #20

be hna khar phat phat a yan kyike de,,,
be lout phat phat ma yoe bu,,,,all of poem,,structure,,story,,style n title.
kha na kha na phat lay po p kyike lay pe,
1 khar phat p tine myat yae we mi de.

commentinfo By: ei lay at Dec 4, 2011
Comment #21

eilay..ကျေးဇူးအများကြီးတင်ပါတယ်.
GT13 , San minn . ချစ်မိုးဦး ,broke
.မိုးကျေးဇူးတင်နောက်ကျလို့ခွင့်လွှတ်ပါ

commentinfo By: အသဲကွဲမိုး at Dec 7, 2011
Comment #22

ဒါနဲ့
ကျုပ်
ခင်ဗျား…ကိုတော့..သေလောက်အောင်ချစ်တယ်။

။ရသလောက်….ထပ်…လိမ်..သွားတယ်….ယုံစား…ရန်…မလိုပါ။

commentinfo By: Nge at Mar 1, 2012
Comment #23

ငယ်..ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Mar 14, 2012
Comment #24

ပြောနေကြ..အသုံးပဲသုံးလိုက်တယ်
ခင်ဗျားကို..ကျုပ်..ချစ်တယ်
ခဏခဏ..မပြောပြခဲ့မိတာ..အတွက်
တောင်း….ပန်….ပါ…..တယ်ဗျာ။

ခဏခဏမပြောခဲ့မိတာအတွက် တောင်းပန်ပါတယ်ဗျာ…

commentinfo By: poohmay at Mar 14, 2012
Comment #25

read again.
cry again.

commentinfo By: ei lay at Mar 14, 2012
Comment #26

ကျေးဇူးအများကြီးတင်ပါတယ်…..အိလေးရယ်..မငိုပါနဲ့နော်…အမ ၀မ်းနည်းလို့ပါ
ငိုရ၀ူးနော်..
ရယ်စရာလေးရေးပေးနိုင်အောင် ကြိုးစားပါ့မယ်

commentinfo By: အသဲကွဲမိုး at Mar 14, 2012
Comment #27

hote,,
chat chin g dot ngo tar yet loh ya bu lay,,
ne ne dot htet ngo nay mi de,
phyit naing yin ngo de poem tway so lone wa ko ma phat phu.,kyike bu.
ma moe ye poem tway ko dot ei lay bar loh e lout kyike twar le ti bu,
ma moe bar yae yae phat chin nay de,

commentinfo By: ei lay at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment