Professional Authors

တ စ စီ

၁)

မငိုကြေး ပေါ့

လက်ပြနှုတ်ဆက်ခြင်းတွေမရှိပဲ

တစ်ဦးကို တစ်ဦးကျောခိုင်းပစ်လိုက်ကြတယ်

မျက်ရည်ဝဲခြင်းတွေ မထင်သာစေပဲနဲ့ပေါ့ကွယ်

 

(၂)

ပြန်လာပါလိမ့်မယ်

နှစ်သိမ့်အားပေးခြင်းစကားလုံးတွေဟာ

ငါ့အနားမှာ ဝေ ဖြာ ကျ

တကယ်လို့ သာ ဆိုရင်

တကယ်သာ မှန်တယ် ဆိုခဲ့ရင်

သူဟာ သူအဖြစ်နဲ့ ပြန်လာမယ်လို့ ဘယ်သူ အာမခံရဲပါသလည်း?

 

(၃)

အသေ ပါ ဒါပေမယ့် အသက်ရှုနေဆဲ

တယူသန် လမ်းတွေ ဖောက်ရင်း

တယောက်ထဲ လျှောက်တယ်

ပြီးတော့

နှစ်ယောက်တစ်အိပ်မက်လို့  ခဏခဏ သီကျူး

သူ့ရင်ဘတ်ဟာ သူမဟုတ်တဲ့ အခြားတယောက် ကြိုးကိုင်ထားတဲ့ အတိုင်း

 

(၄)

အသံဟာ အလင်းထက် ပိုမြန်နေတဲ့ ကမ္ဘာမှာ

နားနှစ်ဖက်ဟာ စွန့်ကား

“သူ … ဘာတွေလုပ်နေမလည်း”

နောက်ကြောင်းတွေလိုက်ရင်း

 

ခြေလှမ်းဖျောက်ထားတဲ့ အနာဂတ်ကို

အလွမ်းပေါင်ဒါမှုန့် လေးတွေ ခင်းကျင်းရင်း

အရူးတယောက်ထက်သူဟာ သာလွန်နေသေးတဲ့အကြောင်း

မျှော်လင့်ခြင်းရဲ့ မျက်ရည်စီးကြောင်းလေးတွေက တဆင့်သက်သေပြတယ်

 

(၅)

အချိန်ဟာ အသက်ကြီးလာခဲ့ပြီ

သက်တမ်းရင့် ပန်းချီကားတချပ်ဟာ မှုန်ရီဝေ ၀ိုးတ၀ါး

တချိန်ချိန်မှာ ဆိုတဲ့  စကားလုံးကို အပြီးသတ်ကားလိပ်ချလိုက်တိုင်း

အဆုံးသတ်မရှိတဲ့ ပုံရိပ်များဟာ

 

ဖုန်းလေးထဲမှာ

ကဗျာတွေထဲမှာ

စာသားတွေထဲမှာ

ကွန်ပျူတာထဲမှာ

နှလုံးသားထဲမှာ

ဦးနှောက်ထဲမှာ

…………………………….

ငါ့ရဲ့ ပစ္စုပ္ပန်ထဲမှာ

ပေ ပွ ပြန့်  ကျဲ

စုစည်းလို့  သိမ်းဆည်း ထုတ်ပိုးဖို့ မဖြစ်နိုင် ခဲ့

 

မျက်ကွယ် ပြု လိုက် ဖို့ မဖြစ်နိုင် ခဲ့

 

(၆)

တနေ့ နေ့ တော့ ရဲ့ နောက်ကွယ်မှာ သူ ပြန်မလာဖြစ်တော့တဲ့အကြောင်း

 

တနင်္ဂနွေရဲ့ မနက်ခင်း အိပ်မက်တွေမှာ မျက်ရည်တွေပဲတည်ရှိနေတော့တဲ့အကြောင်း

ဆက်သွယ်မှု ဧရိယာ ထာဝရ ပြင်ပရောက်နေပြီဖြစ်တဲ့ နှလုံးသားနှစ်ခုရဲ့ ဆုံမှတ်

 

တကယ် မချစ် ခဲ့ ပါဘူးဟာ ဆိုတဲ့ သွေးသားဦးနှောက်ရဲ့ နာကျဉ်းခြင်း မြည်သံ

 

ခြေကုန်လက်ပမ်းကျနေပြီဖြစ်တဲ့

 

မျှော် လင့် ချက် တွေ နဲ့  နောက်ဆုံးတကာ့ နောက်ဆုံးရဲ့ အနမ်းထွက်သက်တချို့ဟာ

 

ခြောက် ကပ် ကြေ ကွဲ စွာ နွမ်း လျ

 

(၇)

 

လက်ပြနှုတ်ဆက်ခြင်းတွေမပါပဲ

မျက်ရည်ဝဲခြင်းတွေ ခြေရာဖျောက်

 

တယောက် ရဲ့ အိပ်မက်မှာ တယောက်ဟာ

 

ထာဝရ နှုတ်ထွက်သွား ခဲ့

 

တားဆီးပိုင်ခွင့်တွေ တစစနဲ့ ပျောက်ရှရင်း

 

တယောက်ဟာ တယောက်တည်းအဖြစ် အိပ်မက်ထဲမှာ လွင့်ကျန်နေခဲ့တယ်

 

နောက် လှည့် ငဲ့ ညှာ ခြင်း တွေ မှေးမှိန် ပျောက်ကွယ်လျက်ပေါ့

 

(၈)

 

တ ယူ သန် စွဲ လမ်း ခြင်း တွေ ထွန်း လင်း တောက် ပ စေ ရင်း

အိပ်မက်ဟာ အိပ်မက် အတိုင်း

 

ဆက် လက် ဖြစ် တည် နေ ဆဲ

 

တစုံတယောက်ဟာ သံယောဇဉ် ဆိုတဲ့ စကားလုံးကို ခြေမွ သွားခဲ့တယ်

 

 

(၉)

 

ရင်ခုန်သံဟာ ယန္တရား တခုလိုပဲ

မြင့် နိမ့် တက် ကျ ခြင်း တွေ မရှိတော့

 

(၁၀)

 

တခါတခါ အိပ်မက် အသေလေးကို မျှော်တယ်

တခါတခါ လက်ဖ၀ါး ရဲ့ အခြားတဖက်ခြမ်းကို တမ်းတတယ်

တခါတခါ ပြီးခဲ့ပါပြီ ဆိုတဲ့ ဖြေသိမ့်မှုနဲ့ သက်ပြင်းချတယ်

 

ဒီလိုနဲ့ ………………..

 

တခါတခါ မှာ အရင်တုန်းကလို ဆိုတဲ့ မျက်ရည်လေးတွေဝဲတယ်

တခါတခါမှာ သူ့အတွက် ဆိုတဲ့ ကဗျာလေးတွေရေးတယ်

တခါတခါ မှာ ပျော်နေပါစေ လို့  တိုးတိုးတိတ်တိတ် ဆုတောင်းတယ်

 

( ၀ )

 

ဗလာတွေကို ယုယ ပြ ဌာန်းရင်း အနာဂတ်မှာ ပန်းတိုင် ဆိုတာ

 

ဝိုး တိုး ၀ါး တား ပျောက် ရှ နေ ခဲ့

In: ကဗျာ Posted By: Date: Feb 17, 2013
Comment #1

တနင်္ဂနွေရဲ့ မနက်ခင်း အိပ်မက်တွေမှာ မျက်ရည်တွေပဲတည်ရှိနေတော့တဲ့အကြောင်း

အားပေးနေဆဲပါပဲဗျာ…..ကဗျာလေးကောင်းတယ်။

commentinfo By: moehtetaung18 at Feb 17, 2013
Comment #2

တယောက်ဟာ တယောက်တည်းအဖြစ် အိပ်မက်ထဲမှာ လွင့်ကျန်နေခဲ့တယ်
နောက် လှည့် ငဲ့ ညှာ ခြင်း တွေ မှေးမှိန် ပျောက်ကွယ်လျက်ပေါ့
အရမ်းကြိုက်သွားပီ မိုးရယ်

commentinfo By: kaythari at Feb 17, 2013
Comment #3

ကျွန်တော့်ကဗျာလေး ခံစား အားပေးတဲ့မောင်နှမများအားလုံး
အထူးကျေးဇူးတင်ပါ၏

commentinfo By: အသဲကွဲ မိုး at Feb 17, 2013
Comment #4

ကြေကွဲသွားရတယ်ဗျာ.။ . အရေးအသားကောင်းတယ်နော်

(ရစ်လုံး)

commentinfo By: yit lone at Feb 17, 2013
Comment #5

ကောင်းတယ်ဗျာ

commentinfo By: beshope at Feb 18, 2013
Comment #6

နောက်တစ်ခေါက်…….

commentinfo By: moehtetaung18 at Feb 18, 2013
Comment #7

အသေ ပါ ဒါပေမယ့် အသက်ရှုနေဆဲ

တယူသန် လမ်းတွေ ဖောက်ရင်း

တယောက်ထဲ လျှောက်တယ်

ပြီးတော့

နှစ်ယောက်တစ်အိပ်မက်လို့  ခဏခဏ သီကျူး

သူ့ရင်ဘတ်ဟာ သူမဟုတ်တဲ့ အခြားတယောက် ကြိုးကိုင်ထားတဲ့ အတိုင်း

commentinfo By: zawthetoo at Feb 18, 2013
Comment #8

တခါတခါ မှာ အရင်တုန်းကလို ဆိုတဲ့ မျက်ရည်လေးတွေဝဲတယ်

တခါတခါမှာ သူ့အတွက် ဆိုတဲ့ ကဗျာလေးတွေရေးတယ်

တခါတခါ မှာ ပျော်နေပါစေ လို့  တိုးတိုးတိတ်တိတ် ဆုတောင်းတယ်

commentinfo By: နွေ at Feb 19, 2013
Comment #9

ပွင့်၂လင်း၂ဝေဖန်ရမယ်ဆိုရင် မမိုး စိတ်ကို အဲ့ သူငယ်ချင်းက အရမ်းလွှမ်းမိုးနေသလိုပဲ
ဒါမှ မဟုတ် မမိုးကပဲ အရမ်းလွှမ်းမိုး ခံထားရသလိုပဲ

commentinfo By: လူစိမ်း at Feb 19, 2013
Comment #10

ကျွန်တော့်ကဗျာလေးကို ခံစားဖတ်ရှု အချိန်ပေးကြ တဲ့ ချစ်မောင်နှမများ အားလုံး
အထူးကျေးဇူးတင်လေးစားလျက်…

mwah mwah 😀

commentinfo By: အသဲကွဲမိုး at Feb 25, 2013
Comment #11

ပြန်လာပါလိမ့်မယ်
နှစ်သိမ့်အားပေးခြင်းစကားလုံးတွေဟာ
ငါ့အနားမှာ ဝေ ဖြာ ကျ
တကယ်လို့ သာ ဆိုရင်
တကယ်သာ မှန်တယ် ဆိုခဲ့ရင်
သူဟာ သူအဖြစ်နဲ့ ပြန်လာမယ်လို့ ဘယ်သူ အာမခံရဲပါသလည်း?
……………………………………………………………………………………..
hote tal. bal thu arr ma kan yae lae ?

commentinfo By: နွေ at Mar 10, 2013
Comment #12

အားပေးနေဆဲပါ။

commentinfo By: moezat at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment