Professional Authors

လူသားတစ်ဦးမှ ကမ္ဘာမြေကြီးသို့

လေအေးစက်ပါတဲ့ ကိုယ်ပိုင် ဇိမ်ခံကား

အကောင်းစားကြီး မစီးရရင်နေပါစေ

လူကြပ်ကြပ် ဘတ်စ်ကားကြီး

တိုးစီးရတာကိုပဲ ကျနော်ပျော်ပါတယ်

အကောင်းဆုံးဆိုတဲ့

ဟိုတယ်ကြီးတွေက အကောင်းဆုံး

အစားဆိုတဲ့အစာတွေ

မစားရရင်နေပါစေ

ဝမ်းဝအောင် စားရတယ်ဆိုရင်ပဲ

ကျနော်ကျေနပ်ပါတယ်

ဆန်းသစ်လှပတဲ့ အဖိုးတန်

အဝတ်အစားတွေ မဝတ်ရရင်နေပါစေ

အရှက်မပေါ်အောင် လုံလုံခြုံခြုံ

ဝတ်ရရင်ပဲ

ကျနော် ဖြေသိမ့်နိုင်ပါတယ်

လှပကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ

ခမ်းနားကြီးကျယ်တဲ့ တိုက်ကြီးနဲ့

မနေရရင်နေပါစေ ကျောခင်းစရာ

တစ်နေရာရရင်ပဲ ကျနော်

ရောင့်ရဲနိုင်ပါတယ်

်ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေပေါ်မှာ ငါ့ကို

ရပ်တည်ရှင်သန်ခွင့်ပေးခဲ့တဲ့အတွက်

ကျေးဇူးတင်ပါတယ် လောကကြီးရယ် …….








In: ကဗျာ Posted By: Date: Jun 1, 2013
Comment #1

kaung dal ……….. i like it.

commentinfo By: tl at Jun 1, 2013
Comment #2

ကောင်းပါတယ်

commentinfo By: မေပျို at Jun 1, 2013
Comment #3

🙂
yes.
money can’t buy happiness.
money can’t change everything.
feel the right is the most important.

commentinfo By: ei lay at Jun 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment