Professional Authors

မှော်ဆရာည

မှောင်မိုက်တဲ့ ဒီည
နတ်ဆိုးတွေက ခြောက်လှန့် ခဲ့လို့ 
ခုတင်ကြီးက အော်သံပေးနေတယ်
“ကျွီ….ကျွီ…”တဲ့လေ။
လာရာလမ်းက နောက်ပြန်လှည့်ဖြစ်မှာစိုးလို့ 
ငါ့ခြေရာတွေလည်း ဖျက်ခဲ့ပြီးပါပြီ…။
မတွေးတော့ဘူး မရေးတော့ဘူး ပြောကာမှ
အရှုံးတွေကြားက နတ်ဆိုးရဲ့  ရယ်သံကို အခုထိကြားနေရတုန်းဘဲလေ..။
ဘာမှမပြောချင်တော့ပါဘူး လောကကြီးရယ်…
မှော်ဆရာက ငါ့ကို ကြိုးကိုင်ထားမှတော့
အင်းကွက်တွေကြားမှာ လှုပ်ရှားရုန်းကန်ရဦးမှာပေါ့…။

In: ကဗျာ Posted By: Date: Mar 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment