Professional Authors

အချစ်ဆုံး ငါ့ရင်ခွင်ဦး.. ..အမေ

လူ့ လော က ထဲ ရောက် ခါ စ
ဖဝါး လက် နှစ် လုံး ပခုံး လက် နှစ် သစ် အရွယ် တည်း က
နို့ ချို တိုက် ကျွေး စောင့် ရှောက် ခဲ့ တာ…….အမေ

မူ ကြို အ ရွယ် ကလေး ဘ ဝ က တည်း က
စား ရေး သောက် ရေး ငြို ငြင် စ ရာ မ ရှိ အောင်
ရုန်း ကန် ခဲ့ တာ…….အမေ

လူ ပုံ အ လယ် မှာ မျက် နှာ မ ငယ်
လူ တန်း စေ့ အောင်
လောကဓံ ပင် လယ် ကို ခါး ဆီး ခံ
ရဲ ရဲ ရင့် ရင့် တိုက် ပွဲ ဝင် ခဲ့ တာ…….အမေ

သား သ မီး အ သုံး လို ချိန်
မ ရှိ ရင် တောင် မ သိ စေ ဘဲ သား သ မီး မျက် နှာ တစ် ချက် မ ပျက် ရ အောင်
ကြိုး စား ရှာ တဲ့…….အမေ

အ လုပ် တွေ ဘယ် လောက် ပင် ပန်း ပါ စေ…
သား သ မီး မျက် နှာ လေး တစ် ချက် မြင် ရုံ နဲ့ ရေ မလို အမော တွေ ပြေ သွား တတ် တဲ့…….အမေ

သား သ မီး တွေ အ တွက် ဆို လော က ဓံ ကို တောင် ဟား တိုက် ရဲ တဲ့…….အမေ

ကောင်း တဲ့ သား သ မီး နေ… … …
ဆိုး တဲ့ သား သ မီး စေ  မ ရှိ ဘဲ
အ မေ့ ဝမ်း တစ် ခု တည်း  ဖွား မို့
ကျော သား ရင် သား မ ခွဲ ခြား မေတ္တာ အ ပြည့် နဲ့ ချစ် တဲ့…….အမေ

သား သ မီး တွေ အ မှား လုပ် မိ ချိန် ဝယ်
အ မှား မြင် ပြင် ပြီး အ မှန် ကို သိ စေ ဖို့
ဒေါ သ ကို ရှေ့ တန်း မ တင် ဂ ရု ဏာ စိတ် နဲ့ စိတ် ရှည် ရှည် ဆုံး မ တဲ့…….အမေ

သား သ မီး တွေ အ တွက် ဆို
အ သက် ကို ပင် မ တွန့် တို တတ် တဲ့…….အမေ

သား သ မီး တွေ ဆီ က ရ ယူ လို ခြင်း တစ် စိုး တစ် စင်း မ ရှိ
သား သ မီး တွေ အ ပြုံး မြင် နေ ရုံ နဲ့ တင် ပီ တိ ပန်း တွေ ရင် မှာ အ လို လို လန်း နေ တဲ့…….အမေ

သား သ မီး တွေ အတောင် အလက် စုံ လို့ အဝေး ပျံ သွား ချိန် မှာ တောင်
သား သ မီး တွေ ဆီ က ဘာ မျှော် လင့် ခြင်း မှ မ ရှိ
ပေး ဆပ် ခြင်း ကို သာ ရင် မှာ ပိုက် လို့
သား သ မီး တွေ အ မေ့ ဆီ လာ မယ့် နေ့ လေး ကို မျက် ရည် လေး တ ဝဲ လည် လည် နဲ့ တမ်း မျှော် ရင်း
သား သ မီး တွေ အ တွက် ဆု တောင်း ပေး နေ တဲ့…….အမေ

အ မေ… …အမေ ဟာ လ ဝန်း ကြီး ဆို
မှိတ် တုပ် မှိတ် တုပ် နဲ့ ချစ် စ ရာ အ လွန် ကောင်း တဲ့ ကြယ် လေး တွေ ဟာ
အ မေ့ ရဲ့ သား သ မီး တွေ ပေါ့
အ မေ. . . . . . . . . . . . . . . .
လ ဝန်း ကြီးးး ရဲ့ အ လင်းးး ရောင် ကြောင့်
ကြယ် လေး တွေ ရှင် သန် ခွင့် ရ တယ် နော်
ဒါဆို… … …သား သ မီး တွေ ဟာ လည်းးး
အ မေ့ အ ရိပ် ကြောင့် အေး ချမ်း မှု ကို ပိုင် ဆိုင် ခွင့် ရ တာ ပေါ့ နော်

အ မေ့ ရင် ထဲ က
စိတ် ပူ ပင် မှု တွေ…အ ချစ် တွေ…အ လွမ်း တွေ

ဘယ် လောက် ကြီး မား တယ် ဆို တာ

အ တောင် စုံ လို့ အ ဝေး သို့ ပျံ သန်း သွား သော ငှက် ငယ် လေး များ

သိကြပါမည်လော.. .သိနိုင်ပါမည်လော.. .သိပါလိမ့်မည်လော ။ ။ ။

(၂၀၁၀ အောက်တိုဘာ ၆ ရက်နေ့က ရေးထားတဲ့ ကဗျာလေးပါ။)

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

အ မေ့ ရင် ထဲ က
စိတ် ပူ ပင် မှု တွေ…အ ချစ် တွေ…အ လွမ်း တွေ

ဘယ် လောက် ကြီး မား တယ် ဆို တာ

အ တောင် စုံ လို့ အ ဝေး သို့ ပျံ သန်း သွား သော ငှက် ငယ် လေး များ

သိကြပါမည်လော.. .သိနိုင်ပါမည်လော.. .သိပါလိမ့်မည်လော ။ ။ ။
ကောင်းတယ်ဗျာ

Comment #2

သား သ မီး တွေ အတောင် အလက် စုံ လို့ အဝေး ပျံ သွား ချိန် မှာ တောင်
သား သ မီး တွေ ဆီ က ဘာ မျှော် လင့် ခြင်း မှ မ ရှိ
ပေး ဆပ် ခြင်း ကို သာ ရင် မှာ ပိုက် လို့
သား သ မီး တွေ အ မေ့ ဆီ လာ မယ့် နေ့ လေး ကို မျက် ရည် လေး တ ဝဲ လည် လည် နဲ့ တမ်း မျှော် ရင်း
သား သ မီး တွေ အ တွက် ဆု တောင်း ပေး နေ တဲ့…….အမေ

အရမ်းကောင်းတယ် X-ray ရေ…………..
အားပေးသွားတယ်နော်………………..

commentinfo By: sitayenyein at Sep 8, 2011
Comment #3

အမေတွေများအတ္တတခုရှိတယ်….သားနဲ့အမေကြားမှာ
ခြားနားခြင်းမခံနိုင်တာ…….

commentinfo By: May Kha at Sep 8, 2011
Comment #4

အ မေ… …အမေ ဟာ လ ဝန်း ကြီး ဆို
မှိတ် တုပ် မှိတ် တုပ် နဲ့ ချစ် စ ရာ အ လွန် ကောင်း တဲ့ ကြယ် လေး တွေ ဟာ
အ မေ့ ရဲ့ သား သ မီး တွေ ပေါ့
အ မေ. . . . . . . . . . . . . . . .
လ ဝန်း ကြီးးး ရဲ့ အ လင်းးး ရောင် ကြောင့်
ကြယ် လေး တွေ ရှင် သန် ခွင့် ရ တယ် နော်
ဒါဆို… … …သား သ မီး တွေ ဟာ လည်းးး
အ မေ့ အ ရိပ် ကြောင့် အေး ချမ်း မှု ကို ပိုင် ဆိုင် ခွင့် ရ တာ ပေါ့ နော်…။
အားပေးသွားပါတယ်။။။။။
မိဘမေတ္တာ အရေးအဖွဲ့ကောင်းလေးတစ်ခုပါပဲ….။

commentinfo By: ကေသရီ at Sep 8, 2011
Comment #5

အားပေးသွားတဲ့ လုလင်ငယ်သွေး ၊ စစ်အေးငြိမ်း ၊ မေခ ၊ ကေသရီ တို့အားလုံး ကျေးဇူးကမ္ဘာပါ မမေခရေ မမေခထင်သလိုလည်း အမေတွေကအတ္တကြီးတာမျိုးမဟုတ်ပါဘူး ဘယ်အမေမဆို ကိုယ့်သားသမီးအသက်ဘယ်လောက်ကြီးကြီး ကလေးလို့ဘဲထင်တတ်ကြပါတယ် အဲ့ဒါအတ္တမဟုတ်ပါဘူးဗျ ကျွန်တော်က ကျွန်တော့အမြင်ကိုပြောတာပါ မမေခစိတ်မရှိပါနဲ့နော် ray ကဗျာလေး အားပေးသူ ၊ အားမပေးသူ အားလုံးစိတ်နှလုံး ချမ်းမြေ့ပါစေ ။

commentinfo By: X - ray at Sep 9, 2011
Comment #6

အမေ့ ကို ချစ်တဲ့သားသမီးတွေ အများကြီးရှိပေမယ့် အမေ့တန်ဖိုးကိုသိတဲ့သားသမီးကတော့
တကယ့်ကို နည်းပါတယ်……………………..
ဘာပဲဖြစ်ဖြစ် ..ကျွန်တော် ခင်သော …ကဗျာမောင်လေးတယောက်
အမေ့တန်ဖိုးသိစွာရေးသားထားသော ကဗျာလေး အား နှစ်သက်ကြည်နူးစွာ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012
Comment #7

ကြိုက်တယ်ရှင့်

commentinfo By: maypyo22889 at Nov 23, 2012
Comment #8

ရွာထဲမလာဖြစ်တာ တစ်နှစ်လောက် ရှိပီမို့ အစ်မ တော် အသဲနဲ့ မ မေပျို တို့ comment တွေ့ကို အခုမှတွေ့ပါတယ်
ကျွန်တော့ ကဗျာလေးကို ဖတ်ပေးတဲ့အပြင် အားပေးစကားပါပြောသွားပေးလို့အတိုင်းမသိပျော်မိပါတယ်
တကယ်ကျေးဇူးတင် ပါတယ် ~

commentinfo By: X-ray at May 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment