Professional Authors

နွေ

               

ဂိမာန်နွေလ ချိန်ခါကျလျှင်

သာစွရှုမော သည်မြိုင်ကြောဝယ်

ဥသြတွန်သံ ကြားရပြန်၍

ဖန်ဖန်ကြိုးစား မေ့ကာထားသည့်

တပါးရင်မှ ချစ်သူလှကို

မေ့မရနိုင် စိတ်မခိုင်ဘဲ

ယိုင်နဲ့ဘဝင် သူ့ပုံထင်သည်

ရင်မှာလွမ်းရ နွေကာလ။

သို့ဖြစ်ရကား နွေညများသည်

ငါ့အားနှိပ်စက် အိပ်ရေးပျက်၍

ရတက်မအေး တဆွေးဆွေးနှင့်

ငေးငေးမှိုင်မှိုင် မပျော်နိုင်ဘူး

ဦးညွှတ်ရိုသေ မြတ်စိန္တေထံ

ရည်သန်တောင်းဆု ဆန္ဒပြုသည်

ဥတုဂိမာန် လွန်စေသော် ……


In: ကဗျာ Posted By: Date: May 25, 2013
Comment #1

Nice

commentinfo By: ei lay at May 25, 2013
Comment #2

ဖတ်သွားပါကြောင်း

commentinfo By: မေပျို at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment