မှားခေါက်ခဲ့မိသော တံခါးတစ်ချပ် (မိုးထက်အောင်)
တံခါးလေးမှားခေါက်ခဲ့မိတယ်
အိပ်ရေးပျက်သွားရင်ခွင့်လွှတ်ပါ
ကြိုးတွေလည်းဖြည်ချလိုက်ပါပြီ
ဒီတိုင်ကထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းကအတိုင်းပါပဲ
လက်ထဲမှာဘာမှယူဆောင်မသွားခဲ့ပါဘူး
ကျွန်တော်ရောက်ခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ဧည့်မှတ်တမ်းက ဖျက်ပစ်လို့ ရပါပြီ
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ခင်ဗျားစိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်တို့ နှစ်ခြံကျော်က မာလီပေါ့ဗျာ
ခင်ဗျားသိလည်းအပိုပါပဲ
ကျွန်တော်အတင်းပြောရတာ ၀ါသနာမပါဘူး
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
(သြော်……..ဟုတ်ပါတယ်ခင်ဗျာ)
ကျွန်တော်တံခါးလေးမှားခေါက်ခဲ့မိပါတယ်
အိပ်ရေးပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။
မိုးထက်အောင်
Comment #2
ကျွန်တော်တံခါးလေးမှားခေါက်ခဲ့မိပါတယ်
အိပ်ရေးပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။
မှားယွင်းစွာခေါက်မိခဲ့တာပေါ့…….ကောင်းပါတယ်…
အားပေးသွားတယ်
By: အသဲကွဲမိုး at Jan 27, 2011
Comment #3
ကျေးဇူးပါဗျာ….ကိုရဲထွေးရေ
အသဲကွဲမိုးခင်ဗျာ…..ဟုတ်ပါတယ်
ကျွန်တော် သံသယနယ်ကျွံတံခါး.၊မ၀င်စေချင်သူရဲ့တံခါးကိုမှ
သေသေချာချာမှားခေါက်ခဲ့မိတာပါ
အားပေးတဲ့အတွက် ကဗျာလေးကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ
By: moehtetaung18 at Jan 27, 2011
Comment #4
စာသားတွေက နက်တယ်ဗျာ ကြိုက်တယ် အားပေးနေပါတယ် ဆက်ရေးပါ
By: နေသွေး at Jan 27, 2011
Comment #6
ကြိုက်တယ်ဗျာ…. ခံစားချက်နဲ့တိုက်ဆိုင်သွားလို့….
By: laynet naung at Apr 12, 2011
Comment #7
hmar sa yar lar loh.
lone wa tan phoe ma htar hman ti tar de,
hint,,,,
next time,,,
no way 2 go out.
no permit forever .
he,,he,,
By: ei lay at Aug 24, 2011
Comment #8
loak chin tar loak p hma sorry de,
wow,,,,,,,,,,,so coollllllllllllllll
By: ei lay at Jan 10, 2012




Comment #1
ကျွန်တော်တံခါးလေး မှားခေါက်မိခဲ့ပါတယ်
အိပ်ရေးပျက်သွားခဲ့ရင်ခွင့်လွှတ်ပေးပါဗျာ . . . . .
အဲဒီစာသားကြောင့် ငိုတောင်ငိုချင်
အရမ်းတော်တယ်နော်