Professional Authors

အဖြူရောင်မရဏဇော

အို…အဖ
ငါ့အား နိုးထစေပါလော့။
သူ(မ) ပါးပြင်ပေါ်က
ဝတ်မှုံတစ်စလို
ဝါ၀င်းပြင်းရှ
(ငါ) တောက်ပလိုပါ၏။
အို…အဖ
ငါ့အား ကြယ်လိုလောင်မြိုက်စေပါလော့။
သူ(မ) ခရီးမှာ
ပြိုးပြက်ထင်းရှင်း
(ငါ) “လင်း” လိုပါ၏။
အို…အဖ
ငါ့အား စိမ်းသက်ရှင်သန်စေပါလော့။
သူ(မ) ဝေဒနာအတွက်
ဝိညာဉ်တစ်ခွက်ကို
ပေးဆပ်လိုပါ၏။
အို…အဖ
ငါကား သွားရတော့မည်။
သူ(မ) သာလျှင်
အဖြူသက်သက်လင်းသော
(ငါ့အတွက်)
သီချင်းဖြစ်ပါစေလော့။

In: ကဗျာ Posted By: Date: Jun 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment