ချစ်သူရဲ့ကဗျာ (Number1Princess)
မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
ချစ်သူ…
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။
ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။
ချစ်သူ…
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။
သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ…လှပစေတော့မည်။
March 19th, 2008
@ Hewitt 864
Comment #3
ချစ်တဲ့သူတောင်းတနေတာပေါ့။ဒါပေမဲ့သူကသိမှာလားဟင်။အ၇မ်းတော.လည်းမပုံအပ်သင်.ပါဘူး။ခံစားချက်ပေါ့လေကောင်းပါတယ်ကဗျာက
By: သျှားလင်းလက် at Jun 12, 2010
Comment #5
wow,,,,,,,,,
lots of love.
how lovely.
huhhhhhhhhhhhhhhhhhhhhhhhhhhh
By: ei lay at Jan 3, 2012
Comment #6
😛
😛
😛
😛
😛
By: ei lay at Jul 21, 2012
Comment #7
I need u.
By: ei lay at Sep 13, 2012
Comment #8
A yann ta ti ya de
By: ei lay at Dec 31, 2012
Comment #9
<3
By: ei lay at Jul 27, 2013
Comment #10
နေချင်ပေမဲ့ ဝေးခဲ့ ရပြီ
မျှော်နေ ပေမဲ့ လွမ်းခဲ့ရပြီ
လွမ်းဆွေနေတဲ့ သြဥ ငှတ်လို
တစာစာ ကြေကွဲနေတဲ့ တို့
နှလုံးသားကို သူလေး တစ်ယောက်
အပြာရောက် မိုးတိမ် တွေ့လို
စွန့်ခွါသွားမယ် ဆိုရင် တို့ နှလုံးသားဟါ
ဟိုး ကောင်းကင်ကြီးလို့ မူပြာပြာ တမ်းတစွာ
နဲ့ ကျန်နေခဲ့ ရမှာပါ သူလေးရယ် ။
kyaw2
By: kyawkyae at Feb 10, 2014




Comment #1
okä i like