အလွမ်း Rhythm
သစ်ရွက်ကြွေနှင့်ခြေသံလုံ
အသည်းကို စောင်ခြုံကြည့်သည်
မြင်ကွင်းက မှုန်ရီမှိုင်း
ကျွန်တော့်အသည်းလည်း
ထင်ရာစိုင်းချေပြီ
ရော်ရွက်ကြွေတစ်ချို့
မြေပေါ်သို့ သက်ဆင်း
ကျွန်တော်ကောက်ယူ
နမ်းကြည့်သည် ……..
လွမ်းရနံ မကုန်သေး
အချစ်ကို တစ်ဖက်မှာထား
တံခါးခေါက်ကြည့်တော့
ဥပေက္ခာတို့ ထွက်လာကာ
ပြုံးပြုံးကြီးစိုက်ကြည့်နေကြလေရဲ့…
အိပ်မက်မဟုတ်သို့သော်
ဆွဲဆိတ်လည်းမနာတော့
ဝေဒနာခြင်းထဲက 
အသည်းနှလုံးဆတ်ဆတ်ကယ်တုန်လို့
သူမကို လွမ်းမိသည့်
ကျွန်တော့် ဦးနှောက်
အရည်ဖျော်သောက်ပစ်ရင်ကောင်းမယ်
ဝေဒနာနဲ့ဒဏ်ရာ
ယှဉ်တွဲကြည့်သည်
ကုရာနတ္ထိတဲ့
သေချာတာတစ်ခုက
သူမကို ကျွန်တော်သေသည့်တိုင်အောင်ချစ်နေအုံးမည်ဆိုတာပဲ။
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
                                            
Comment #1
Damn right.
Hit directly