Professional Authors

သူမသို့…………

ညနေခင်းလေးရေ
သူမကို
ပြန်ခေါ်ပေးနိုင်မလား………။
လေညင်းလေးရေ
သူမရဲ့
အငွေ့အသက်တွေကို
ပြန်ရှာပေးနိုင်မလား………..။
သက်တန့်လေးရေ
သူမရဲ့
နူးညံသိမ်မွေ့မှု့ကို
ပြန်ဆောင်ယူပေးနိုင်မလား…..။
သူမသည် အရင်က
ကျွန်တော်ရဲ့သူမပါ
သူမ အခုတော့
သူတပါးရဲ့သူမ
ဖြစ်နေတာပေါ့
လွမ်းချင်သလို
လွမ်းပိုင်ခွင့်
ဆွေးချင်သလို
ဆွေးနိုင်ခွင့်
ပေးထားတဲ့
သူမကို
ကျွန်တော် ကျေးဇူးတင်လေရဲ့…………..။
ဘာပဲဖြစ်ဖြစ်ပေါ့
သူမက ကျွန်တော့်ရဲ့
အိပ်မက်ထဲမှာတော့
ကျွန်တော်ရဲ့သူမပါပဲ……….။
လွမ်းရလွန်းလွန့်
အသည်းတောင်နာပါလေရဲ့
သူမကို ချစ်တယ်ဆိုတာ
နှုတ်ဖျားလေးတင်မဟုတ်ဘူးဆိုတာ
သူမ သိမသွားရှာဘူး……..။
အေးတိအေးစက်နိုင်တဲ့
ကျွန်တော့်ရဲ့အပြစ်တွေက
ကျွန်တော့်နှလုံးသားကို
သံကြိုးတွေနဲ့ ချိတ်ဝိုင်းပိတ်ကြလေရဲ့……..။
“သတိ……မစမ်းကြည့်နဲ့တဲ့”
ညနေခင်းလေးရေ
သူမနဲ့ အတူရှိတဲ့
တစ်ချိန်တုန်းကအတွက်
ကျေးဇူးပါ…………။
လေညင်းလေရဲ့
သူမရဲ့ ဆံနွယ်လေးတွေ
ကျွန်တော်ရဲ့ နှာဖျားဆီသို့
ဆောင်ယူပေးတဲ့အတွက်
ကျေးဇူးပါ……..။
သက်တံလေးရေ
သူမရဲ့ ပုံရိပ်ကလေးတွေအတွက်
ကျေးဇူးတင်ပါတယ်…….။

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

ကိုဒေဝေါ ကဗျာလေးတွေက ချစ်ဖို့ ကောင်းတယ်ဗျ

Comment #2

oh,,,,,,,,,,,
nice poem par.

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment