Professional Authors

Broken heart

လေ ရဲ့ အငွေ့ မှာ
မိုးအနံ ပါနေတယ်
ငါရဲ့အပြုံးမှာ
မျက်ရည် အနံတွေနဲ့
အေးအေးဆေးဆေးနေတဲ့
အသည်းများကွဲ ချင်တော့လည်း
ကြံကြံဖန်ဖန်
အိမ်တိုင် ရာရောက်
လာခွဲကြလေရဲ့
မကွဲ လျှင် ပြန်လျော်ကြမယ်တဲ့
တစ်ယောက်က ခင်ရတဲ့သူငယ်ချင်း
တစ်ယောက် က အသည်းနဲ့ရင်းရတဲ့
ချစ်သူလေ….
ကောင်းကင် က သာနေတဲ့
နေမင်းက
လူများတွေ အတွက်တော့
သာသာယာယာ
ရှိပေမယ့်
ကျွန်တော့်အတွက်တော့
အသည်းကွဲတာကို
လူတကာ ကို မြင်အောင်
ဆလိုက် ထိုးပြနေသလိုပဲ
သူတို့နှစ်ယောက်က
ကြည်နှုးနေကြလေရဲ့
ချစ်နေကြလေရဲ့
ကျွန်တော်က တော့
ထိုင်ကြည့်နေရလေရဲ့
တကယ်တမ်းတော့
အသည်း ကွဲတယ်ဆိုတာ
မနာပါဘူး မကြင်ပါဘူး
ဘယ်လိုမှ ကို မနေဘူး
ဒါပေမယ့်
မျက်ရည်တော့ကျတယ်ဗျာ
ကပ်သီးကပ်သပ်ရယ်
သူတိုမြင်မှာ ဆိုးလို့
ဝမ်းနည်းရတာတောင်
အအေးမိချင်ယောင်ဆောင်လို့
နှာ ရည်ရွှဲ ရွှဲ မျက်ရည်ဝဲ၀ဲ ပေါ့
ပျော်ပါစေဗျာ
ငါ့သူငယ်ချင်းတို့ ရယ်…။

In: ကဗျာ Posted By: Date: Aug 8, 2011
Comment #1

ဒါပေမယ့်
မျက်ရည်တော့ကျတယ်ဗျာ
ကပ်သီးကပ်သပ်ရယ်
သူတိုမြင်မှာ ဆိုးလို့
ဝမ်းနည်းရတာတောင်
အအေးမိချင်ယောင်ဆောင်လို့
နှာ ရည်ရွှဲ ရွှဲ မျက်ရည်ဝဲ၀ဲ ပေါ့
ပျော်ပါစေဗျာ
ငါ့သူငယ်ချင်းတို့ ရယ်…။

commentinfo By: အသဲကွဲမိုး at Aug 9, 2011
Comment #2

အဲဗျာ……
ဘယ်လိုနှစ်ယောက်တုန်းဟ……။

commentinfo By: moehtetaung18 at Aug 9, 2011
Comment #3

အသည်း ကွဲတယ်ဆိုတာ
မနာပါဘူး မကြင်ပါဘူး
ဘယ်လိုမှ ကို မနေဘူး
ဒါပေမယ့်
မျက်ရည်တော့ကျတယ်ဗျာ မှန်တယ် အသည်းကွဲတာ မျက်ရည်ကျတာပေါ့ တစ်ချို့ဆို အာဗြဲကြီးနဲ့တောင် အော်ငိုသေးတယ် ( just kidding) ကဗျာလေးဖတ်လို့ကောင်းတယ် မသိပေမယ့် အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 9, 2011
Comment #4

hin…..
poor u.
but
what’s ur position?
why u feel upset?
why do they ill-treated u?

commentinfo By: ei lay at Aug 9, 2011
Comment #5

မျက်ရည်တော့ကျတယ်ဗျာ
ကပ်သီးကပ်သပ်ရယ်
သူတိုမြင်မှာ ဆိုးလို့
ဝမ်းနည်းရတာတောင်
အအေးမိချင်ယောင်ဆောင်လို့
နှာ ရည်ရွှဲ ရွှဲ မျက်ရည်ဝဲ၀ဲ ပေါ့

အဲ့စာသားလေးကြိုက်တယ်

commentinfo By: D Myat Thoon at Jun 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment