Professional Authors

ကျွန်ုပ်ကိုယ်တိုင်သို့ …

မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့

နေ့ရက်တွေ ရေတွက်ရင်း

ပြက္ခဒိန်ကရက်စွဲတွေ ကုန်ခမ်း

တစ်ဖတ်သက် အလွမ်းတွေနဲ့

ခါးသက်သက် ဘ၀ထဲမှာ

ငါ့ကိုယ်ငါ ပြန်ထုပ်ပိုးဖြစ်တယ် …

အချိန်ဆိုတာ အကုန်မြန်တတ်ပါသလား …

ပုံရိပ်တွေမှ မဟုတ်ပါဘူး

အိပ်မက်ဆိုတာလည်း ချုပ်နှောင်ခြင်းတစ်မျိုးပါပဲ …

ဘာလို့များပါလဲ လို့

တစ်ကိုယ်တည်းရေရွတ်

တခါတလေတော့ ကိုယ့်ကိုယ်ကို မုန်းတီးကြည့်ဖူးတယ် …

အမှတ်တရတွေဆိုတာ

ကာရန်တွေ မပါလည်း

ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်ဆိုတာ

နင့်ကို သတိရရင်း

ခပ်ရေးရေးငါ နားလည်လာတတ်ပြီ …

အကြောင်းအရာ မရှိပါဘူး

ဒါပေမယ့် ငါနင့်ကို သိပ်သတိရတယ် … ။ ။

 

In: ကဗျာ Posted By: Date: May 22, 2013
Comment #1

အမှတ်တရတွေဆိုတာ

ကာရန်တွေ မပါလည်း

ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်

နှစ်သက်မိပါ၏ .ခင်ဗျား.ပျောက်နေတာကြာပြီဗျ 😀

commentinfo By: အသဲကွဲ မိုး at May 22, 2013
Comment #2

ဟုတ်တယ်
ပျောက်နေတာကြာပြီ
ကဗျာခုမှပြန်ဖတ်ရတော့တယ်

commentinfo By: မေပျို at May 22, 2013
Comment #3

အမှတ်တရ​တွေဆိုတာ

ကာရန်တွေ မပါလည်း

ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်။

ကြိုက်​တယ်​​ဗျာ

commentinfo By: amt at May 23, 2013
Comment #4

ခံစားချက်တွေ အဆက်ပြတ်နေလို့ပါ … ကဗျာကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် 😀

commentinfo By: apollo at May 23, 2013
Comment #5

N i c e

commentinfo By: ei lay at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment