Professional Authors

ဓါတ်ပြားဟောင်းများ

နေ့ မှန်း..
ညမှန်း အလိုက်ကန်းဆိုးမသိ
ငါ့ဆီလာလာနေတယ်..

့ငြီးငွေ့ ခြင်းတွေ။
နေ့ ကလည်း နေ့ အလျောက်
ပျင်းရိစရာ…
ညကလည်း ညအလျောက်။
ဘ၀ဆိုတာ မျက်လျည့်လိုမှ
အဆန်းတကြယ် မဖြစ်တာ
ဒီစာမျက်နှာပြီး ဒီစာမျက်နှာပဲ
ပြန်ပြန် ဖတ်နေရ။
အစင်းရာထင်နေတဲ့ လေဆာဓါတ်ပြားလို.။
တစ်ခါလာလည်း ဒီထမင်းနဲ့ဒီဟင်း
တစ်ခါလာလည်း ဒီမျက်နှာနဲ့ ဒီစကား။
ငြီးငွေ့ ခြင်းကတော့ ကုန်ပစ္စည်းလို…
ဒီနေ့ြုပီးတော့….
ဒီနေ့ ချည်းပဲပြန်ရောက်လာဦးမှာ..။

ဖြိုးဝေ 4/10/2004

In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

ကြိုက်၏။

commentinfo By: chityellusoelay at Aug 18, 2011
Comment #2

ဘ၀ဆိုတာ မျက်လျည့်လိုမှ
အဆန်းတကြယ် မဖြစ်တာ
ဒီစာမျက်နှာပြီး ဒီစာမျက်နှာပဲ
ပြန်ပြန် ဖတ်နေရ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment