အသည်းကွဲမြို့တော်
မင်းမှမရှိတော့ဘဲ…….
ညနေရဲ့လေတွေ အရင်လိုမချိုတော့ဘူး
မင်းမှမရှိတော့ဘဲ…….
လျှောက်ဖူးတဲ့လမ်းတွေ အရင်လိုမလန်းတော့ဘူး
မင်းမှမရှိတော့ဘဲ…….
မြို့ပြရဲ့နီယွန်တွေ အရင်လိုမထိန်တော့ဘူး
မင်းမှမရှိတော့ဘဲ……..
ရွတ်ဆိုဖူးတဲ့ကာရန်တွေ အရင်လိုမညီတော့ဘူး
မင်းမှမရှိတော့ဘဲ……….
ဆုပ်ကိုင်ဖူးတဲ့လက်တွေ အရင်လိုမနွေးတော့ဘူး
ချစ်သူ………..မင်းမှမရှိတော့ဘဲ
ချန်ရစ်ခဲ့တဲ့ ဒီမြို့ပျက်ထဲ
ကိုယ်တစ်ယောက်ထဲ အလဲလဲပြိုကွဲ
နွေလေရူးနှိပ်စက်တဲ့ ရော်ရွက်ဝါလို
ကူကယ်ရာမဲ့နေခဲ့တယ်။
Comment #2
သွား ပါတော့ကွာ ၊ အဝေးကို … ထားခဲ့လိုက်ပါ ငါ့ကို ၊
မင်းနင်း ချေသွားတဲ့ အသည်း နှစ်လုံး ငါဘာသာ ၊ ငါ superglue
နဲ့ပြန်ဆက်လိုက်မယ်။……………….
By: sat.put at Jul 22, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
….မင်း မှ မရှိတော့ပဲ………….
အားပေးသွားတယ်