Professional Authors

မလွမ်းပဲမှမနေနိုင်တာ……….

ရင်ဘတ်အတုနဲ့ မွေးဖွားလာခဲ့သူတစ်ယောက်ပါ

ဒဏ်ရာကိုလျှာနဲ့ ရက်ရင်..ဘာလို့ သက်သာသွားရတာလဲ

ကိုယ့်သွေးကို တိတ်ဖို့ ကြိုးစားရုန်းကန်ရတယ်

ကော်ဖီခါးခါးကြိုက်တာ..ဘဝကိုအံတုဖို့  အစပြုတာတဲ့

ရင်မှာတစ်ခါတစ်ခါ မခံနိုင်အောင်လွမ်းတယ်

လွမ်းပြီးရင် ပိုပိုပြီး…ချစ်ချစ်လာတယ်..ဒုက္ခတော့ဖြစ်ပြီ

အချစ်တွေများတော့..အလွမ်းတွေ….မျက်ရည်နဲ့ အတိုးသတ်သတ်နေရတယ်..မိန်းကလေး

သူရဲကောင်းကမျက်ရည်မကျဘူးပေါ့..

ဒါပေမယ့်..ငါက..လူသားတစ်ယောက်ဖြစ်နေတာခက်တယ်။

In: ကဗျာ Posted By: Date: Apr 7, 2013
Comment #1

Hit directly

commentinfo By: ei lay at Apr 7, 2013
Comment #2

direct ကြီး hitသွားတယ်ပေါ့လေ
thkz ei lay

commentinfo By: သဟံသစ် at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment