Professional Authors

အနာဂတ်မရှိသောရက်စွဲများ

တိမ်ညိုတိမ်အုပ်တွေ ပျံသန်း
လမ်းပျောက်ခဲ့ အမှောင်ညတွေထဲ
မျှော်လင့်ခြင်း ပန်းတိုင်းတွေကျိုးပဲ့လို့
ငါ့ရဲ့ဘ၀တွေ အေးစက်သွားခဲ့…………

တပိုင်းတစသော လမ်းမတွေထဲ
ဆုံးရှုံးခဲ့သက္ကရာဇ် နာရီများ
အိုမင်းခြင်းကမ်းပါးတွေပြိုကျ
ရိုက်ချိုးခံရတဲ့ အိပ်မက်နေ့ရက်တွေ
ပေါလောမျောရင်း ပျောက်ဆုံးသွားခဲ့………..

ရွှေရောင်အနာဂါတ်တွေပုပ်သိုး
နာကျည်းခြင်းကောင်းကင်အောက်မှာ
ချိတ်ဆက်ခဲ့ တွဲလက်တွေပြုတ်လို့
ငါ့ရဲ့ရွက်တိုင်တွေပျောက်ဆုံး
တန်ဖိုးမဲ့ အတွေးအခေါ်တွေ စားသုံးရင်း
ကြယ်စင်တွေ ကြွေကျတဲ့ညကို
ပြန်တမ်းတမိတယ်……………

ငွေကြေးတွေကို ကိုယ်းကွယ်ရင်းနဲ့
ချောင်ထိုးခဲ့ ဒီသိက္ခာ တရားတို့
ယုံကြည်ရာ မာန အပိုင်းအစတစ်ချို့
ကြေပျက်ခဲ့ ရက်စွဲများ
အသက်မပါတဲ့ နာရီတစ်လုံးနဲ့
ငါ့ရဲ့ကောင်းကင် လေဖြတ်သွားခဲ့………………..

ယွန်းအိမ်

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

နေ မ ပျောက်သေးပါဘူးဗျာ…………………..အားပေးတာပါ။

commentinfo By: puhtuzin at Jun 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment