Professional Authors

ပေးဆပ်မှု

ငါ့နှလုံးသားလမ်းဝယ်
ခယောင်းလမ်းကို ၊ ပန်းခင်းလမ်းမှတ်လို့ 
လျှောက်လှမ်းခဲ့တာ ၊ ဘေးလူစကား
ဂရုမစိုက် ၊ ရန်သူကိုသခင်မှတ်လို့ 
လိုက်သွားခဲ့ပြီ  ။

လွန်လေပြီးခါ ၊ အချိန်နှောင်းမှ
သရုပ်မှန်ကို သိလိုက်ရကာ
နောင်တနှလုံး ၊ မျက်ရည်ပြုံးဖြင့်
မနာချင်ယောင် ၊ ဟန်ဆောင်သော်လည်း
ဒဏ်ရာကတော့ နက်လှပြီ  ။

အောင့်အည်းသည်းခံ ၊ ကြိတ်မှိတ်ခံလျှက်
ဟန်ဆောင်နှလုံး ၊ မာန်ထောင်ပြုံးကာ
ရင်ခုန်သံတွေ ၊ တိုးတိတ်ပျောက်ဆုံး
နှလုံးသွေးကြော ၊ ရပ်တန့် ခဲ့ဧ။်
မင်းအတွက် ပေးဆပ်ခဲ့ပြီ   ။
  
                                                               ရှိုင်းလက်နွယ်ဦး

In: ကဗျာ Posted By: Date: Aug 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment