Professional Authors

နွေရာသီစုတ်ချက်ကြမ်း (ဒီတူးဆစ်တောင်ငူ)

နွေရာသီစုတ်ချက်ကြမ်း (ဒီတူးဆစ်တောင်ငူ)

ဧပရယ် ဖူးဒေး
လူငယ်တွေအရူးထတဲ့နေ့ လေ
ဥသြတွေရဲ့ ငိုညဉ်း သံအဆုံးမှာ
ရွှေဝါရောင် ပိတောက်ပန်းတွေက
မြို့မငြိမ်းရဲ့သီချင်းသံကြားမှ


ယိမ်းနွဲ့ကခုန်နေလေရဲ့

လူတစ်ချို့ကရိပ်သာဝင်ပြီး
တရားမှတ်နေချိန်
လူတစ်ချို့ကအရက်ဆိုင်ထိုင်ပြီး
အမြည်းနှိုက်နေလေရဲ့

နှစ်တစ်နှစ်ရဲ့အညစ်အကြေးတွေကို
ဆေးကြောရမဲ့အစား
နှစ်သစ်ကိုအညစ်အကြေးတွေနဲ့ဖုံးလွှမ်းစေခဲ့

တစ်ချိန်တုန်းက အတာ
သပြေခက်နဲ့ရေပက်
မုဒိတာတွေအထပ်ထပ်နဲ့ပေါ့

ခေတ်သစ်မှာ အတာ
ခွက်စောင်းနဲ့ပိုက်ဟောင်း
ရေတွေလောင်းလိုက်ကြပုံများ
ဒေါသတွေလျှံတကလို့
သင်္ကြန်ရဲ့အနှစ်သာရ
အပြစ်တွေသာ
မရှာပဲတွေ့နေရပါလား….


ဒီတူးဆစ် (တောင်ငူ)

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

april fool day hmar ei lay ka dot yee sar sa kar pyaw like de,,
he,,he,,lol,,

commentinfo By: ei lay at Mar 5, 2012
Comment #2

နှစ်တစ်နှစ်ရဲ့အညစ်အကြေးတွေကို
ဆေးကြောရမဲ့အစား
နှစ်သစ်ကိုအညစ်အကြေးတွေနဲ့ဖုံးလွှမ်းစေခဲ့

commentinfo By: nate thit at Mar 5, 2012
Comment #3

ရေးတတ်လွန်းတယ်ဗျ
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Mar 5, 2012
Comment #4

အိလေးရေ ဘယ်သူကိုပြောလိုက်တာလဲ…
အားလုံးပဲကျေးဇူးနော်………

commentinfo By: D26 at Mar 5, 2012
Comment #5

thu ko pop,,

commentinfo By: ei lay at Mar 5, 2012
Comment #6

သင်္ကြန်ရဲ့အနှစ်သာရ
အပြစ်တွေသာ
မရှာပဲတွေ့နေရပါလား…

commentinfo By: kantkawmg at Mar 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment