Professional Authors

ခရစ်စမတ်ဆိုတာ … ???

အမေရိကန်က အတွေးအခေါ် …

ဆွိဒင်က အတွေးအခေါ် …

ဘေဂျင်းက အတွေးအခေါ် …

ဖိလစ်ပိုင်(မနီလာ)က အတွေးအခေါ် …

ရန်ကုန်က အတွေးအခေါ် …

ကမ္ဘာတ၀ှမ်းက အတွေးအခေါ်တွေ ခရစ်စမတ်ကို

အဓိပ္ပာယ်ဖွင့်ဆိုပုံမတူကြဘူး …

 

အမေရိကန်တို့ ဆွိဒင်တို့ ဘေဂျင်းတို့တွေက အေးတော့

ခရစ်စမတ်ကို အနွေးထည်လို ၀တ်ကြတယ် …

ဖိလစ်ပိုင်(မနီလာ)တို့ ရန်ကုန်တို့က ပူတော့ ခရစ်စမတ်ကို

ပန်ကာလို ဖွင့်ကြတယ် …

အဲ … ရန်ကုန်မှာ မီးမလာတော့ ပန်ကာလို ဖွင့်ကြသတဲ့ …

 

ကဲ …

စဉ်းစားကြည့်ပါ …

ခရစ်စမတ်ဆိုတာ ???

 

ဘယ်သူက ဘာအတွက် ဘယ်ကို ဘယ်လိုလာပြီး ဘာတွေလုပ်ခဲ့တယ်… ဆိုတာ …

ခင်ဗျားတို့ ရိုင်းစိုင်းတဲ့ ဒီမိုဂရေစီဗန်းပြနိုင်ငံအချို့မှာ …

ရိုင်းစိုင်းတဲ့ မြန်မာနိုင်ငံဒေသအချို့မှာ …

ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …

အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …

ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…

 

ခင်ဗျားကို ချစ်တဲ့ လူတစ်ယောက်တွေးကြည့်ဦး …

 

                                                                           လျံနိုး

ဒီဇင်ဘာ ၂၂၊ ၂၀၁၀ ည ၉း၃၀

 

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

မှန်လိုက်တာရှင်….
ခရစ်စမတ်ရဲ့အဓိပ္ပါယ်နဲ့တန်ဖိုးကိုသေချာမသိတဲ့သူတွေအတွက်တော့တကယ်ဘဲဝမ်းနည်းမိတယ်
ခရစ်စမတ်သာမရှိရင် လူသားတွေအတွက် ဘာတခုမှမျှော်လင့်စရာမရှိတာ သင်မသိဘဲကိုး

commentinfo By: Dorcus at Dec 25, 2010
Comment #2

“ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …

အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …

ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…”

အားပေးသွားတယ်ဗျို့…..

commentinfo By: Aung Thet Paing at Dec 25, 2010
Comment #3

သင်နှင့်ကျွနုပ်အတွက်ခရစ်တော်မွေးဖွားတာပါ။
လောကသားအားလုံးကယ်ဖို့ရန်မွေးဖွားတာပါ။
အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။
ငြိမ်သက်ခြင်းအရောက်စီတိုင်းအပေါ်မှာကျရောက်ပါစေ။

commentinfo By: deelar at Aug 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment